North America
COVID19-ကပ်ရောဂါသည် နိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွက် ပြင်းထန်သည့် ထိုးနက်ချက်ဖြစ်ဟု အမေရိကန် သတင်းမီဒီယာဖော်ပြ
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
အမေရိကန်နိုင်ငံ “Time” မဂ္ဂဇင်း က COVID-19 ကပ်ရောဂါသည် အမေရိကန်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသားအနည်းဆုံး ၂၇၅,၀၀၀ ဦး ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ ယင်းရောဂါဖြင့် အကျဉ်းသားပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း နှင့် ယင်းမှာ အမေရိကန်နိုင်ငံ အကျဉ်းထောင်စနစ်အပေါ် ပြင်းထန်သည့် ထိုးနက်မှု တစ်ခု ဖြစ်စေခဲ့ကြောင်း လတ်တလောရက်ပိုင်းအတွင်း သတင်းရေးသားဖော်ပြခဲ့သည်။
သတင်းဖော်ပြချက်အရ လက်ရှိ အမေရိကန်နိုင်ငံ တွင် အကျဉ်းထောင် နှင့် ထိန်းချုပ်ရန်ထားရှိသည့် နေရာပေါင်း ၈၅၀ ကျော်တွင် COVID-19 ရောဂါ ကူးစက်မှုများဖြစ်ပွား ခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ အမျိုးသား COVID-19 ရောဂါ နှင့် ပြစ်မှုဆိုင်ရာဥပဒေရေးရာ ကောမတီ ၏ ဒီဇင်ဘာလ တွင် ထုတ်ပြန်သည့် သုတေသန အစီရင်ခံစာအရ အမေရိကန်နိုင်ငံ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများအနေဖြင့် COVID-19 ရောဂါကူးစက်ခံရနိုင်ချေမှာ သာမန်လူထက် ၃ ဆ ပိုမို မြင့်မားနေကြောင်း ၊ သေဆုံးနိုင်ချေသည် သာမန်ပြည်သူထက် ၂ ဆ ပိုမိုမြင့်တက်နေကြောင်း ၊ လက်ရှိတွင် အနည်းဆုံး အကျဉ်းသား ၂၇၅,၀၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကိုတွေ့ရကြောင်း နှင့် အကျဉ်းသားပေါင်း ၁,၇၀၀ ကျော် COVID-19 ရောဂါဖြင့် သေဆုံး ခဲ့ရပြီးဖြစ်ကြောင်း ဆိုသည်။
ယခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ အမေရိကန်နိုင်ငံတွင် COVID-19 စတင်ပျံ့နှံ့လာခဲ့ပြီး အမေရိကန်နိုင်ငံ ကူးစက်ရောဂါပညာရှင်များက အကျဉ်းထောင်များသည် COVID-19 ရောဂါ ပျံ့ပွားစေနိုင်သည့် အန္တရာယ်များသည် နေရာဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။ ထိုသို့ အန္တရာယ်များရသည့် အကြောင်းရင်းမှာ လူတစ်ဦးနှင့်တစ်ဦး သက်မှတ်အကွာအဝေး တွင် နေထိုင်နိုင်ခြင်းမရှိခြင်း ၊ သန့်ရှင်းရေးပစ္စည်းများ လုံလောက်စွာ မထောက်ပံ့နိုင်ခြင်း နှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များ အားနည်းခြင်း တို့ ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီး အကြား အကျဉ်းထောင်အချင်းချင်း သတင်းအချက်အလက် မျှဝေသည့် မူဝါဒ မတူညီကြသောကြောင့် လက်ရှိဖော်ပြသည့် ကိန်းဂဏန်းမှာလည်း ပြည့်စုံမှု မရှိဘဲ လက်တွေ့တွင် COVID-19 ရောဂါ ကြောင့် သေဆုံးသည့်အကျဉ်းသားဦးရေ မှာ ပိုမိုများပြားနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ အကျဉ်းထောင်မူဝါဒ ဝဘ်ဆိုဒ် ၏ ယခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ အမေရိကန်နိုင်ငံတွင် ဖယ်ဒရယ်အဆင့် အကျဉ်းထောင်ပေါင်း ၁၁၀ ခုရှိပြီး ပြည်နယ် အဆင့် အကျဉ်းထောင်ပေါင်း ၁,၈၃၃ ခု ရှိကြောင်း ၊ ဒေသဆိုင်ရာ အကျဉ်းထောင် ၃,၁၃၄ ခု ရှိပြီး လူငယ်ထိန်းသိမ်းရေးစခန်း ၁,၇၇၂ ခုရှိကြောင်း ၊ လူဝင်မှုကြည့်ကြပ်ရေး ထိန်းသိမ်းမှုစခန်း ၂၁၈ ခု ရှိပြီး ဒေသခံတိုင်းရင်းသာ(အင်ဒီယန်လူမျိုး) ကျေးလက် အကျဉ်းထောင် ၈၀ ခု ရှိကြောင်း နှင့် ယင်းအကျဉ်းစခန်းများအသီးသီးတွင် အကျဉ်းသားပေါင်း ၂.၃ သန်းခန့် ထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)
—————————————–
(Chinese Version)
(国际)美媒:新冠疫情沉重打击美国监狱
2020-12-31 12:01:56 分类: 政治法律
新华社华盛顿12月30日电(记者徐剑梅 邓仙来)据美国《时代》周刊日前报道,新冠疫情在美国各地监狱已造成至少27.5万名在押人员感染、1700多人死亡,沉重打击了美国监狱系统。
报道说,全美目前有850多所监狱和关押设施暴发新冠疫情。报道援引美国全国新冠肺炎和刑事司法委员会12月发布的研究报告说,美国监狱人口感染率是普通民众的3倍,死亡率是普通民众的2倍;至少27.5万名在押人员新冠病毒检测结果呈阳性,1700多人死亡。
报道说,自今年初疫情在美开始蔓延起,美国流行病学家就预测监狱是新冠病毒传播的高风险场所,风险因素包括不能保持社交距离、缺乏清洁用品持续供应、缺乏得当预防措施等。由于美国各州在监狱数据共享方面政策不一致,数据并不完整,实际死亡人数可能更高。
报道指出,除在押人员外,美国监狱系统大量工作人员也感染了新冠病毒。在俄亥俄州托莱多惩教所,截至12月27日,172名工作人员新冠病毒检测结果呈阳性,该州不得不调遣州国民警卫队帮助管理监狱。
今年10月,美国民权团体美国公民自由联盟对联邦政府提起诉讼,指控其“未能应对新冠病毒在监狱的传播”。
根据美国“监狱政策”网站今年3月的统计数据,全美有110所联邦监狱、1833所州级监狱、3134所地方监狱、1772所青少年管教所、218所移民拘留所、80所原住民(印第安人)乡村监狱等关押设施,在押人员总数近230万人。(完)
Photo
Photo taken on April 21, 2020 shows the U.S. national flags in Washington D.C., the United States. (Xinhua/Liu Jie)