Connect with us

North America

Diamond Princess သင်္ဘောပေါ်တွင် လိုက်ပါသွားသော ကနေဒါ ခရီးသည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိကြောင်း စမ်းသပ်တွေ့ရှိ

ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်း၌ ကမ်းကပ်ထားသော ဇိမ်ခံသင်္ဘော Diamond Princess အားတွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်း၌ ကမ်းကပ်ထားသည့် Diamond Princess ဇိမ်ခံသင်္ဘောပေါ်မှ ကနေဒါနိုင်ငံသား ခရီးသည်တစ်ဦးသည် နေရပ်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက်တွင် အဖျားဝေဒနာခံစားခဲ့ရကြောင်း ၊ သို့သော် ၎င်းအား စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိပြီးနောက် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိကြောင်း ဒေသတွင်း မီဒီယာက ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

၎င်းသည် ကနေဒါနိုင်ငံသို့ပြန်လည် ရောက်ရှိပြီးချိန်တွင် အဖျားဝေဒနာခံစားနေရသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခံခဲ့ရကြောင်း ၊ သို့သော် ဆေးစစ်ချက်ရလဒ်များအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ အခြားသော အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။ 

ကနေဒါနိုင်ငံအစိုးရသည် ဂျပန်နိုင်ငံ၌ ကမ်းကပ်ထားသည့် သင်္ဘောပေါ်မှ ၎င်း၏ နိုင်ငံသား ၁၂၉ ဦးကို စင်းလုံးငှားလေယာဉ်တစ်စင်းဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး ယင်းတို့အား လတ်တလောတွင် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးသေးဘဲ ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ စောင့်ကြပ်ကြည့်ရှုမှုကာလ(quarantine) ၁၄ ရက် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးသည်အားလုံးသည် ကူးစက်ရောဂါဖြစ်ပွားခဲ့သည့် Diamond Princess သင်္ဘောပေါ်တွင် ရက်သတ္တပတ်များစွာ ပင်လယ်ခရီး လိုက်ပါသွားခဲ့ကြသူများဖြစ်သည်။၎င်းတို့အားလုံးကို သင်္ဘောပေါ်မှ ဆင်းခွင့်မပြုမီ ဂျပန်အစိုးရတာဝန်ရှိသူများက ယိုကိုဟားမားဆိပ်ကမ်း၌ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း ရှိမရှိ ဆေးစစ်ခဲ့သည်။ အဆိုပါကနေဒါနိုင်ငံသား ခရီးသည်အားလုံးတွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လက္ခဏာများ မတွေ့ရှိခဲ့ရကြောင်း သိရသည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.