Connect with us

North America

အမေရိကန် F-35A တိုက်လေယာဉ်တန်ဖိုး ဒေါ်လာ သန်း ၈ဝ ထိ ကျဆင်း

အမေရိကန် F-35A ဂျက်တိုက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ အဓိကစစ်လက်နက်ထုတ်လုပ်သော လော့ခ်ဟိဒ်မာတင်(Lockheed Martin) က F-35A ဂျက်တိုက်လေယာဉ်များ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ သန်း ၈ဝ အထိ စံချိန်တင် ဈေးချခဲ့ကြောင်း ဒေသတွင်းမီဒီယာများက မေ ၈ ရက်တွင် ဖော်ပြခဲ့သည်။

“ လတ်တလောမှာ ၁၂-၁၄ အုပ်စုတွေ အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့ကမ်းလှမ်းထားပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ အုပ်စု ၁၄ အတွက် F-35A တိုက်လေယာဉ် တစ်စင်းဆီကို ကာလရှည်ကတိကဝတ် အနေနဲ့ ဒေါ်လာ သန်း ၈ဝ အောက်ထိ ဈေးချထားပေးပါတယ်” ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ Mike Friedman ၏ ပြောကြားချက်ကို ကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ ထုတ်လုပ်မှုအပိုင်းကို မြှင့်တင်လိုက်တဲ့အတွက် နှစ်စဉ် ကျွန်တော်တို့ဟာ ကုန်ကျစရိတ်လျော့နည်းသွားတာ ၊ တပ်ဆင်ချိန် လျော့ကျသွားတာ ၊ အရည်အသွေးပိုင်းပို မြင့်သွားတာ နဲ့အချိန်မှီ ပေးပို့နိုင်တာတွေ ရခဲ့ပါတယ် ” ဟု Friedman က ဆိုသည်။

F-35B နှင့် F-35C များအပါအဝင် ဝယ်ယူမှုပိတ်ပင်ထားသည့် ဂျက်လေယာဉ် အစင်း ၄၅ဝ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော F-35A ဂျက်လေယာဉ် အစင်း ၁ဝဝ အတွက် ခေါ်ဈေးလည်းဖြစ်သည်။

ပြီးခဲ့သော နှစ် စက်တင်ဘာလက F-35A တစ်စင်းအတွက် ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ သန်း ၉ဝ ထိ ရှိခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘိုးရင်း၏အဓိကပြိုင်ဘက်ဖြစ်သော လော့ခ်ဟိဒ်မာတင်ထံမှ F-15 အီးဂဲလ်ဂျက်တိုက်လေယာဉ်များဝယ်ယူမှုကို ပြန်လည်ရုပ်သိမ်းမည်ဟု ဖော်ပြခဲ့ပြီးနောက်တွင် F-35A ၏ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

F-35 ဂျက်တိုက်လေယာဉ်များကို ပုံစံသုံးမျိုးဖြင့် ထုတ်လုပ်အသုံးပြုခဲ့ရာ လေတပ်အတွက် F-35A ၊ မရိန်းတပ်ဖွဲ့အတွက် F-35B နှင့် အမေရိကန်ရေတပ်အတွက် F-35C တို့အသီးသီးဖြစ်ကြောင်း သိရသည်။

လော့ခ်ဟိဒ်မာတင်ကုမ္ပဏီအနေဖြင့် အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များအတွက် F-35 ဂျက်လေယာဉ် ၃၈၅ စင်းထုတ်လုပ်ထားပေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.