North America
၂၀၂၀ပြည့်နှစ်၌ G7ထိပ်သီးအစည်းအဝေးသို့ ပူတင်ကို ဖိတ်ကြားမည်ဟု ထရမ့်ဆို

ဘရာဇီး၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
၂၀၂၀ပြည့်နှစ်၌ G7ထိပ်သီးအစည်းအဝေးသို့ ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် (Vladimir Putin)ကို ဖိတ်ကြားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က သြဂုတ် ၂၆ ရက်နေ့က ပြောကြားခဲ့သည်။
“ကျွန်တော်သူ့ကို ဆက်ဆက် ဖိတ်ကြားမယ်”ဟု ပြင်သစ်နိုင်ငံတောင်ပိုင်း ဘီရာရစ်ဇ်မြို့၌ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲ ပိတ်ပွဲ၌ ထရမ့်ကပြောကြားခဲ့သည်။
ရုရှားသမ္မတသည် “မာနကြီးသူ”ဖြစ်သည့်အတွက် ဖိတ်ကြားမှုကို လက်ခံ၊မခံ မသေချာသေးကြောင်း ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။
၁၉၉၈-၂၀၁၄ ခုနှစ်အထိ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ဂျပန်နှင့် ရုရှားနိုင်ငံတို့ ပါဝင်သော G8အစည်းအဝေးကို ကျင်းပခဲ့ရာမှ ယူကရိန်းနှင့် Crimeaအရေးတို့ကြောင့် ရုရှားနိုင်ငံနှင့် သဘောထားကွဲလွဲပြီး ဖိတ်ကြားခြင်းမပြုတော့ဘဲ G7ထိပ်သီးအစည်းအဝေးအဖြစ်သာ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အမေရိကန်သည် 2020ပြည့်နှစ်တွင် G7ထိပ်သီးအစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။ နောက်လာမည့် ထိပ်သီးအစည်းအဝေးကို ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ထရမ့်က ပြောသည်။(Xinhua)