Connect with us

North America

ဘရာဇီးနိုင်ငံ၊အမေဇုန် တောမီးလောင်မှုတွင် စစ်ဘက်တပ်ဖွဲ့ဝင်များပါ ပါဝင်ငြှိမ်းသတ်မည်

အမေဇုန်သစ်တောဒေသတွင် တောမီးလောင်ကျွမ်းနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၂၄ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ ဂျဲ ဘိုလ်ဆိုနာရို (Jair Bolsonaro) က အမေဇုန်မုတ်သုန်မိုးသစ်တောအတွင်း မီး အကြီးအကျယ်လောင်ကျွမ်းနေမှု အားစစ်ဘက်အကူအညီနည်းလမ်းများပါ အသုံးပြုနှိမ်နင်းငြှိမ်းသတ် သွားရန် သြဂုတ်လ ၂၃ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရပါသည်။

သမ္မတ၏အမိန့်တွင် တောမီးလောင်ကျွမ်းမှုအားငြှိမ်းသတ်ရေးအတွက် ဘရာဇီးတပ်ဖွဲ့များကို စက်တင် ဘာလ ၂၄ ရက်တိုင်အောင်အသုံးပြုသွားရန် လုပ်ပိုင်ခွင့်အာဏာပေးအပ်ခဲ့ကြောင်းသိရပါသည်။ထိုအ မိန့်အရ ဘရာဇီးတပ်ဖွဲ့များအနေဖြင့်သြဂုတ်လ ၂၄ ရက်မှစ၍ မီးငြှိမ်းသတ်ရာတွင်ကူညီရန် အမေဇုန် ဒေသအတွင်းတပ်ဖြန့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တပ်ဖွဲ့များအား အမိန့်အရ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်းမြင့်မားသည့် ပြည်နယ်များအတွင်း ပြည်သူတို့လုံခြုံ မှုရှိရေး အာမခံနိုင်ရန်နှင့် အခြားအထူးအခြေအနေများအတွက် အသုံးပြုသွားမည်ဟုသိရပါသည်။သမ္မ တ က သြဂုတ်လ ၂၂ ရက်တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးရှစ်ဦးနှင့် အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပခဲ့ ကာ တောမီးများထိန်းချူပ်ရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များပြုလုပ်ရန် အမိန့်တစ်ရပ်ကို လည်း လက်မှတ်ထိုးခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှသြဂုတ်လအထိ အမေဇုန်တောမီးလောင်ကျွမ်းမှုက ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၈၂ ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။(Xinhua)