North America
အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူတွင် ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားသူ အမျိုးသမီး Harriet Tubman ၏ ပုံအား ထည့်သွင်းရန် အမေရိကန် စီစဉ်

ဝါရှင်တန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမိုင်းကြောင်းတွင် ကျွန်စနစ် ဖျက်သိမ်းရေး အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည့် အမေရိကန်- အာဖရိကန် လူမျိုး Harriet Tubman ၏ ကိုယ်တစ်ပိုင်း ရုပ်ပုံအား အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ ရှေ့ဖက် မျက်နှာစာတွင် ထည့်သွင်း ဖော်ပြရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက စီစဉ်နေကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဂျက်ကော့ဘ်လျူ (Jacob Lew) က ဧပြီလ ၂၀ ရက်က ကြေညာ လိုက်သည်။
“ရာစုနှစ် များစွာ အတွင်း ပထမဆုံးအကြိမ် အဖြစ် ကြေညာခွင့် ရတာကို အရမ်း စိတ်လှုပ်ရှားမိပါတယ်” ဟု အမေ ရိကန် ဘဏ္ဍာရေး ဝန်ကြီး ဂျက်ကော့ဘ်လျူက ဧပြီလ ၂၀ ရက်က တယ်လီကွန်ဖရင့်၌ ပြောကြားခဲ့သည်။
ထို့ပြင် အိမ်ဖြူတော်နှင့် သမ္မတ အင်ဒရူး ဂျက်ဆင် ရုပ်ပုံပါ ဒေါ်လာ ၂၀ တန် ငွေစက္ကူကိုလည်း ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း လျူက ပြောသည်။
လွန်ခဲ့သောနှစ် ဇွန်လက အမေရိကန်ဒေါ်လာ ၁၀ တန်စက္ကူတွင် အမေရိကန် ပထမဆုံး ဘဏ္ဍာရေးဝန်ကြီးနှင့် စီးပွားရေးစနစ် ဗိသုကာ အလက်ဇန်းဒါး ဟမ်မီလ်တန် (Aleander Hamilton) ၏ ရုပ်ပုံနေရာ၌ သမိုင်းဝင် အမျိုးသမီး Harriet Tubman ရုပ်ပုံအား အစားထိုးရန် ကနဦး စီစဉ်ထားခဲ့သော်လည်း ယင်း အစီအစဉ်အား နိုင်ငံအနှံ့ အပြင်း အထန် ကန့်ကွက်ခဲ့ကြသဖြင့် အဆိုပါ ဒေါ်လာ ၁၀ တန်ငွေစက္ကူ၏ ရှေ့မျက်နှာစာအား ဟမ်မီလ်တန်၏ ရုပ်ပုံဖြင့်သာ ဆက်လက် ထုတ်ဝေမည် ဖြစ်ကြောင်း လျူက ဧပြီလ ၂၀ ရက်က ကြေညာခဲ့သည်။ (Xinhua)