North America
ဖီဂျီနိုင်ငံ Lambasa ၏ အရှေ့တောင်ဖက် ၂၅၃ ကီလိုမီတာ၌ ဗဟိုပြု၍ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

နယူးယောက် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)
နိုဝင်ဘာ ၁၈ ရက် ဂရင်းနစ်စံတော်ချိန် ၂ဝ:၂၅:၄၆ နာရီတွင် ဖီဂျီနိုင်ငံ Lambasa ၏ အရှေ့တောင်ဖက် ၂၅၃ ကီလိုမီတာ၌ ဗဟိုပြု၍ ပြင်းအား ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။
ငလျင်ဗဟိုချက်သည် မြေအောက်အနက် ၅၄၆.ဝ ကီလိုမီတာ၌ တည်ရှိပြီး တောင်လတ္တီကျူ့၁၇.၉ ဒီဂရီ နှင့် အနောက်လောင်ဂျီကျူ့၁၇၈.၈ ဒီဂရီအကြားတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)