Connect with us

North America

မြောက်ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ၇၆ ဦးထိ ရှိလာ


လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊ ၎င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။

နိုဝင်ဘာ ၁၇ ရက်က သေဆုံးသူ ရုပ်အလောင်း ၅ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ ၄လောင်းမှာ Paradise နှင့် ၁ လောင်းမှာ Concow တွင်ဖြစ်ကြောင်း ၊ သို့ပါ၍ သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ၇၁ ဦး မှ ၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း Butte County Sheriff ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

ထို့ပြင် ပျောက်ဆုံးနေသူများ အမည်စာရင်းတွင် နိုဝင်ဘာ ၁၆ ရက် က ၁,၀၁၁ ဦးရှိခဲ့ရာမှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ၁,၂၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ဖော်ပြထားသည်။ တောမီးသည် မြေအကျယ်အဝန်း ၁၄၉,ဝဝဝ ဧက ( ၆ဝ၃ စတုရန်းကီလိုမီတာ) ကိုလောင်ကျွမ်းသွားကြောင်း နှင့် အဆောက်အအုံပေါင်း ၁၃,ဝဝဝ ကျော်မှာ မီးလောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။ သမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်တွင် အချင်းဖြစ်နေရာသို့ရောက်ရှိလာခဲ့ကြောင်း ၊ ၎င်းသည် မြောက်ကယ်လီဖိုးနီးယား Paradise မြို့ကို သွားရောက်ခဲ့ပြီး ယင်းမှတဆင့် တောင်ကယ်လီဖိုးနီးယားသို့သွားရောက်ခဲ့ကြောင်း သိရသည်။Paradise မြို့၌ သတင်းသမားများနှင့်တွေ့ဆုံစဉ် ထရမ့်က “ ဒါဟာတကယ့်ကို ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်တစ်ခုပါပဲ” ဟုပြောကြားခဲ့ပြီး ပြည်နယ် နှင့် ဒေသခံများကို ထောက်ပံ့ကူညီသွားရန် ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)