North America
အမေရိကန်နှင့် ကနေဒါက “သဘာဝအလျောက်ပဋိပက္ခ” ရှိဟု ထရမ့်ဆို၊ ကနေဒါအား အမေရိကန်တွင် ထည့်သွင်းပေါင်းစည်းရန် ထပ်မံပြောကြား

ဝါရှင်တန်/အော့တဝါ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် အောက်တိုဘာ ၇ ရက်တွင် အိမ်ဖြူတော်၌ ခရီးစဉ်လာရောက်သော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် တွေ့ဆုံဆွေးခဲ့ပြီး ၎င်းအနေဖြင့် ကနေဒါအား စီးပွားရေး ယှဉ်ပြိုင်မှုမိတ်ဖက်ဟု ရှုမြင်ရာ နှစ်နိုင်ငံသည် “သဘာဝအလျောက်ပဋိပက္ခ” ရှိသည်ဟု ဆိုသည့်အပြင် ကနေဒါအား အမေရိကန်နှင့် ထည့်သွင်းပေါင်းစပ်ရန်လည်း ထပ်မံပြောကြားခဲ့သည်။
မာ့ခ်ကာနီအနေဖြင့် လက်ဗလာဖြင့် ပြန်ရမည်လောဟူသည့် သတင်းထောက်၏ မေးခွန်းအား ထရမ့်က ဖြေကြားရာတွင် “သူတို့က အလွန်ကျေကျေနပ်နပ်နဲ့ ပြန်သွားရမှာပါ” ၊ “ကနေဒါပြည်သူတွေက ကျွန်တော်တို့ကို နောက်ထပ်တစ်ကြိမ် ချစ်မြတ်နိုးလာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းတွင် ၎င်းက အမေရိကန်ဈေးကွက်၌ မိမိနိုင်ငံထုတ်ကုန်များ အသုံးပြုရန် မျှော်လင့်ကြောင်း၊ အမေရိကန်ပြည်သူအနေဖြင့် ကနေဒါထုတ် ကားနှင့် သံ၊ အလူမီနီယံများ ဝယ်ယူလိုခြင်းမရှိတော့ကြောင်း ပြောကြားခဲ့သည့်အပြင် ကနေဒါနှင့် စည်းကြပ်ခွန်အပြည့်အဝကင်းလွတ်မှု သဘောတူညီချက် ရရှိရန်မှာ မဖြစ်နိုင်ကြောင်းလည်း အတိအလင်း ဆိုခဲ့သည်။
ကနေဒါနှင့် အမေရိကန်၏ အိမ်နီးချင်းဆက်ဆံရေးကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးကို ပို၍ရှုပ်ထွေးလာစေကြောင်း ထရမ့်က ဆိုခဲ့သည်။ “တခြားနိုင်ငံတွေက အလှမ်းဝေးတော့ ပြဿနာမရှိဘူး” ၊ “ကျွန်တော်တို့ ယှဉ်ပြိုင်ချိန်မှာ အတိုင်းအတာတစ်ခုအရဆိုရရင် အပြန်အလှန် ထိခိုက်အောင်လုပ်နေတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့မှာ သဘာဝအလျောက် ပဋိပက္ခ ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အမေရိကန်၏ “Golden Dome” ဒုံးကျည်ကာကွယ်ရေးစနစ်နှင့်စပ်လျဉ်း၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ထရမ့်က ဆိုခဲ့သော်လည်း အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ကနေဒါအနေဖြင့် “Golden Dome” ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်မည်ဆိုပါက ကန်ဒေါ်လာ ၆၁ ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း၊ သို့သော် “သူတို့က အမေရိကန်က တန်ဖိုးထားတဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာမယ်ဆိုရင် ဘာကုန်ကျစရိတ်မှ ပေးချေစရာ မလိုပါဘူး” ဟု ထရမ့်က ယခုနှစ် မေလတွင် ပြောကြားခဲ့ဖူးသည်။
မာ့ခ်ကာနီက ထရမ့်၏ သံတမန်ဆက်ဆံရေး အောင်မြင်မှုရလဒ် ဟူသည်များအား ပြောကြားနေစဉ်တွင် ထရမ့်က ကြားဖြတ်၍ “ကနေဒါနဲ့ အမေရိကန်ရဲ့ ပေါင်းစည်းမှုလည်း ပါသေးတယ်” ဟု ဆိုခဲ့သည်။ ခန်းမတစ်ခုလုံး ရယ်မောသံများကြား၌ မာ့ခ်ကာနီက “မဟုတ်ဘူး၊ ဒါကကျွန်တော်ပြောချင်တာ မဟုတ်ဘူး” ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ၏ ကနေဒါ-အမေရိကန် ကုန်သွယ်ရေး၊ အစိုးရချင်းကိစ္စရပ်များနှင့် ကနေဒါစီးပွားရေး တစ်သားတည်းဖြစ်မှုအား တာဝန်ယူရသည့် ဝန်ကြီး Dominic A. LeBlanc က အောက်တိုဘာ ၇ ရက်တွင် မီဒီယာများထံ ကြေညာချက်ထုတ်ပြန်၍ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုသည် “အောင်မြင်မှု၊ အပြုသဘောဆောင်မှု၊ လက်တွေ့ကျမှုရှိကြောင်း” ပြောကြားခဲ့သော်လည်း ၎င်းက နှစ်ဖက်အနေဖြင့် စည်းကြပ်ခွန် သဘောတူညီချက်အား အဘယ်ကြောင့် မရှိသေးသနည်းကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိဟု ကနေဒါမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ နှစ်နိုင်ငံ ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုများသည် သံ၊ အလူမီနီယံနှင့် စွမ်းအင်သစ်ကဏ္ဍများတွင် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ford ကလည်း ထိုနေ့တွင် ၎င်းအနေဖြင့် အမေရိကန်အပေါ် စိတ်ရှည်မှုများ ကုန်ဆုံးနေကြောင်း၊ သဘောတူညီချက် လျင်မြန်စွာ မရရှိနိုင်ပါက ကနေဒါအနေဖြင့် လက်တုံ့ပြန်မှု စည်းကြပ်ခွန်များဖြင့် တန်ပြန်တုံ့ပြန်သင့်ကြောင်း ပြောကြားခဲ့သည်။
ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်သင့်သည်ဟု ထရမ့်က ထိုမတိုင်မီ အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး “စီးပွားရေးအင်အား” ဖြင့် ယင်းကို ဖော်ဆောင်မည်ဟု လည်း ဆိုခဲ့သည်။ ၎င်းက ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထရူးဒိုးကို “ကနေဒါပြည်နယ် အုပ်ချုပ်ရေးမှူး” ဟုပင် ခေါ်ဆိုခဲ့ဖူးသည်။ ကနေဒါဘက်က ထရမ့်၏အထက်ပါပြောကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————-
(Chinese Version)
特朗普称美加有“天然冲突” 再提将加拿大并入美国
新华社华盛顿/渥太华10月7日电 美国总统特朗普7日在白宫会晤到访的加拿大总理卡尼时表示,他将加拿大视为经济竞争对手,两国存在“天然冲突”,并再次提及将加拿大并入美国。
特朗普在回答记者有关卡尼是否将空手而归的提问时说,“他们会非常满意地离开”,“加拿大人民会再次爱上我们”。但他同时表示,希望在美国市场上使用本国产品,美国人不想买加拿大制造的汽车和钢铝,并明确表示与加拿大达成完全免关税的协议是不可能的。
特朗普称,加拿大与美国毗邻的关系使得两国贸易关系更趋复杂。“其他国家距离遥远,反而没有问题。”他说,“当我们竞争时,某种程度上是在互相伤害。因此我们存在天然冲突。”
特朗普还表示,两国正在美国“金穹”导弹防御系统方面开展紧密合作,但没有透露细节。特朗普今年5月曾表示,如果加拿大要加入“金穹”系统,需支付610亿美元,但“如果他们成为美国珍视的第51个州,则无需支付任何费用”。
在卡尼列举特朗普的一些所谓外交政绩时,特朗普打断并插话说:“还有加拿大与美国的合并。”卡尼在满堂大笑中回应:“不,这可不是我要说的。”
据加拿大媒体报道,加拿大负责加美贸易、政府间事务和加拿大经济一体化的部长多米尼克·勒布朗7日向媒体通报称,两国领导人会见是“成功的、积极的、实质性的”,但他没有具体说明双方为何仍未达成关税协议。他说,两国代表将继续对话,后续会谈将集中在钢铝和能源领域。安大略省省长道格·福特同一天表示,他对美方的耐心正在耗尽,如果不能很快达成协议,加拿大应该采取报复性关税进行反击。
特朗普此前多次公开表示加拿大应该成为美国的第51个州,并称要用“经济力量”实现。他曾称呼加拿大时任总理特鲁多为“加拿大州州长”。特朗普这些言论遭到加拿大方面广泛反对。(完)
图说:U.S. President Donald Trump (2nd L) welcomes Canadian Prime Minister Mark Carney (2nd R) at the White House in Washington, D.C., the United States, on Oct. 7, 2025. (Xinhua/Hu Yousong)