Connect with us

North America

အချိန်အကြာဆုံး အစိုးရယန္တရားရပ်ဆိုင်းမှု အဆုံးသတ်ရေးအတွက် ဆီးနိတ်လွှတ်တော်က အတည်ပြုထားသော အသုံးစရိတ် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုထားသော အသုံးစရိတ် ဥပဒေမူကြမ်းအား အောက်လွှတ်တော်က နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် အတည်ပြုခဲ့သည့်အတွက် အမေရိကန်သမိုင်းတွင် အချိန်အကြာဆုံး အစိုးရယန္တရားရပ်ဆိုင်းမှု ဖြစ်ပေါ်စေခဲ့သည့် ကွန်ဂရက်လွှတ်တော်တွင်း လိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်စေခဲ့သည်။ဆီးနိတ်လွှတ်တော်က အဆိုပါ အသုံးစရိတ်ဥပဒေကြမ်းအား မဲအရေအတွက် ၆၀-၄၀ မဲဖြင့် မဲခွဲအတည်ပြုခဲ့ပြီး နှစ်ရက်အကြာတွင် အောက်လွှတ်တော်က ထိုသဘောတူညီချက်အား မဲအရေအတွက် ၂၂၂-၂၀၉ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းဥပဒေကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်ထံ တင်သွင်းမည်ဖြစ်ကာ ထရမ့်က မကြာမီ လက်မှတ်ရေးထိုး အတည်ပြုဖွယ်ရှိကြောင်း သိရသည်။

ထိုအသုံးစရိတ်ဥပဒေကြမ်းအရ ဖက်ဒရယ်အစိုးရဌာနအများစုအား လက်ရှိနှုန်းထားအတိုင်း ဇန်နဝါရီ ၃၀ ရက်အထိ ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကာ တစ်ချိန်တည်းတွင် စိုက်ပျိုးရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းများနှင့် ကွန်ဂရက်လွှတ်တော်၏ လုပ်ငန်းဆောင်တာများအတွက် ဘဏ္ဍာနှစ်တစ်နှစ်လုံးစာ ရန်ပုံငွေ ထောက်ပံ့ပေးမည်ဖြစ်သကဲ့သို့ အစိုးရယန္တရား အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခြင်းကြောင့် ငွေကြေးထောက်ပံ့မှုအပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့သည့် အာဟာရဖြည့်စွက်ပံ့ပိုးမှု အစီအစဉ်အတွက်လည်း ရန်ပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလော အစီအမံအရ အောက်တိုဘာ ၁ ရက်တွင် အစိုးရယန္တရားရပ်ဆိုင်းမှု စတင်ဖြစ်ပွားပြီးနောက် ဖက်ဒရယ်အစိုးရဌာနများက အကောင်အထည်ဖော်ခဲ့သည့် ဝန်ထမ်းအင်အား လျှော့ချမှုများကို ပယ်ဖျက်မည်ဖြစ်သကဲ့သို့ ဇန်နဝါရီ ၃၀ ရက်အထိ ဆက်လက်အကျုံးဝင်မည့် ယင်းဆုံးဖြတ်ချက် သက်တမ်းမကုန်မီ အလုံးအရင်းနှင့် ဝန်ထမ်းများထပ်မံလျှော့ချမှုမှန်သမျှကိုလည်း တားမြစ်သွားမည်ဖြစ်သည်။

ထို့အတူ အစိုးရယန္တရားရပ်ဆိုင်းစဉ်ကာလ၌ လစာမရရှိသေးသော ဖက်ဒရယ်အစိုးရဝန်ထမ်းအားလုံးကို လစာများ ပြန်လည်ပေးချေသွားမည်ဖြစ်သည်။ အစိုးရယန္တရားရပ်ဆိုင်းမှုအပြီးတွင် ဝန်ထမ်းများအား လစာပြန်လည်ပေးချေခြင်းမှာ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သော်လည်း ခွင့်ဖြင့် မဖြစ်မနေ အနားယူခိုင်းထားသော ဖက်ဒရယ်ဝန်ထမ်းများမှာမူ လစာရနိုင်ဖွယ်မရှိဟု ထရမ့်က သတိပေးထားသည်။

အစိုးရယန္တရားရပ်ဆိုင်းမှုကို အဆုံးသတ်စေရန် ဒီမိုကရက်များနှင့် ရယူခဲ့သည့် သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် လက်လှမ်းမီသော ဆေးကုသပေးရေးဆိုင်ရာ အက်ဥပဒေအတွက် ရန်ပုံငွေတိုးမြှင့်ရေးဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာလ ဒုတိယသီတင်းပတ်ထက် နောက်မကျဘဲ ပြုလုပ်သွားမည်ဟု ဆီးနိတ်လွှတ်တော် လူများစုပါတီခေါင်းဆောင် ဂျွန်သွန်းက ဆီးနိတ်လွှတ်တော်မှ ဒီမိုကရက်အမတ်များကို ကတိပြုခဲ့သည်။
သို့သော် ဒီမိုကရက်အချို့က ယင်းအားကန့်ကွက်ခဲ့ကာ ထိုသဘောတူညီချက်မှာ မဲခွဲဆုံးဖြတ်သွားမည်ဟုသာ ကတိပေးထားခြင်းဖြစ်ပြီး ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့် ရန်ပုံငွေများကို ဆက်လက်ရရှိမည်ဟု အာမခံထားခြင်းမရှိကြောင်း အခိုင်အမာပြောဆိုထားသည်။ စံချိန်တင်ကြာမြင့်ခဲ့သည့် အစိုးရယန္တရားရပ်ဆိုင်းမှု လိပ်ခဲတည်းလည်းအခြေအနေ၌ ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များကို အကာအကွယ်ပေးရေးမှာ ဒီမိုကရက်များ၏ အဓိကတောင်းဆိုချက်အဖြစ် ဆက်ရှိနေခဲ့သည်။ (Xinhua)

………………………………………………….
(English Version)
U.S. House passes Senate-approved spending package to end longest gov’t shutdown
WASHINGTON, Nov. 12 (Xinhua) — The U.S. House of Representatives on Wednesday night passed a Senate-approved spending package, ending the congressional deadlock that led to the longest government shutdown in U.S. history.
The House voted 222-209 to pass the deal, two days after the Senate voted 60-40 to approve the spending package. The legislation now goes to President Donald Trump, who is expected to sign it soon.
The package would fund most federal agencies at current levels through Jan. 30, while providing full fiscal year funding for the Agriculture Department, the Veterans Affairs Department and military construction projects and the operations of Congress as well as the Supplemental Nutrition Assistance Program, whose funding was put in jeopardy amid the prolonged government shutdown.
The latest measure rescinds layoffs implemented by federal agencies since the government shutdown began on Oct. 1 and prohibits any further reductions in force before the expiration of the continuing resolution on Jan. 30.
The bill also provides back pay to all federal employees who did not receive pay during the shutdown. Although providing back pay after a shutdown is standard practice, Trump has warned that furloughed federal employees may not receive such payments.
As part of Democrats’ agreement to end the shutdown, Senate Majority Leader John Thune promised Senate Democrats a vote “no later than the second week in December” to enhanced Affordable Care Act subsidies.
Some Democrats voiced objection, arguing that the agreement merely promises a vote and does not ensure the continuation of the subsidy, which is set to expire at the end of the year. Protecting health care benefits remains the Democrats’ central demand in the record-long shutdown standoff.
English Caption
This photo taken on Nov. 12, 2025 shows the U.S. Capitol in Washington, D.C., the United States. (Xinhua/Hu Yousong)