Connect with us

North America

ထရမ့်က အီလွန်မက်စ်၏ မဟာမိတ်ဖြစ်သူအား နာဆာအဖွဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်အဆိုပြု

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်မှ ထွက်ခွာလာစဉ် သတင်းထောက်များအား လက်ပြနှုတ်ဆက်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အမေရိကန်ဘီလျံနာနှင့် ပုဂ္ဂလိက အာကာသယာဉ်မှူးဖြစ်သူ ဂျရတ် အိုင်ဆက်ခ်မန်းအား နာဆာအဖွဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်အဆိုပြုရွေးချယ်ကြောင်း နိုဝင်ဘာ ၄ ရက်က ကြေညာခဲ့သည်။“ဂျရတ်ရဲ့ အာကာသနယ်ပယ်အပေါ် စိတ်အားထက်သန်မှု၊ အာကာသယာဉ်မှူး အတွေ့အကြုံနဲ့ စူးစမ်းလေ့လာရေး နယ်ပယ်တွေကို ချဲ့ထွင်ကာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ပြီး အာကာသစီးပွားရေး နယ်ပယ်သစ်ကို ရှေ့ဆက်ဖော်ဆောင်ဖို့ စိတ်နှစ်မြှုပ်ထားမှုက ရဲရင့်တဲ့ခေတ်သစ်မှာ နာဆာအဖွဲ့ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးဖြစ်စေတယ်” ဟု ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာဖြစ်သော Truth Social တွင် ပြောကြားခဲ့သည်။

ကနဦးတွင် ထရမ့်က အိုင်ဆက်ခ်မန်းအား လွန်ခဲ့သော ဒီဇင်ဘာလက အဆိုပြုခဲ့သော်လည်း ၎င်းမှာ ယခင်က ဒီမိုကရက်များအား ရန်ပုံငွေလှူဒါန်းခဲ့ခြင်း၊ SpaceX ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မက်စ်နှင့် နီးကပ်သော ဆက်ဆံရေးရှိခြင်းတို့ကြောင့် ထရမ့်က ယင်းအဆိုပြုမှုကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ အိုင်ဆက်ခ်မန်းအား အဆိုပြုထားခြင်းကို ရုပ်သိမ်းခြင်းမပြုမီ ရက်ပိုင်းအလိုတွင် အီလွန်မက်စ်မှာ အိမ်ဖြူတော်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အိုင်ဆက်ခ်မန်းက ၎င်းအား လတ်တလော ရွေးချယ်အဆိုပြုခြင်းကို လက်ခံခဲ့ကာ ၎င်းအနေဖြင့် လကမ္ဘာနှင့် အခြားသော မစ်ရှင်များအပါအဝင် နာဆာ၏ ခေတ်သစ် လူသားတို့၏ အာကာသစူးစမ်းလေ့လာမှုများကို ဦးဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။ ယင်းအဆိုပြုခန့်အပ်မှုအတွက် အမေရိကန် ဆီးနိတ်လွှတ်တော်၏ အတည်ပြုမှုရရှိရန် လိုအပ်ဦးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………
(English Version)
Trump renominates Musk ally as NASA administrator
LOS ANGELES, Nov. 4 (Xinhua) — U.S. President Donald Trump announced Tuesday that he renominated American billionaire and private astronaut Jared Isaacman as NASA administrator.
“Jared’s passion for Space, astronaut experience, and dedication to pushing the boundaries of exploration, unlocking the mysteries of the universe, and advancing the new Space economy, make him ideally suited to lead NASA into a bold new Era,” Trump said on his Truth Social.
Isaacman was initially nominated by Trump last December, but the nomination was withdrawn in May amid concerns over his previous donations to Democrats and close ties to SpaceX CEO Elon Musk, who left the White House just a few days before Isaacman’s removal.
Isaacman accepted the latest nomination, saying he was committed to leading NASA’s next era of human space exploration, including missions to the Moon and beyond.
The nomination still requires confirmation by the U.S. Senate.
English Caption
U.S. President Donald Trump waves to the press upon departure from the White House in Washington, D.C., the United States, Sept. 22, 2025. (Xinhua/Hu Yousong)