Connect with us

North America

အမေရိကန် FBI က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဆုကြေးငွေဖြင့် ဘရောင်းတက္ကသိုလ် သေနတ်ပစ်ခတ်မှု၏ သံသယရှိသူ သဲလွန်စ စုဆောင်း

အမေရိကန်နိုင်ငံ ရုဒ်အိုင်းလန်းပြည်နယ် ပရောဗစ်ဒန့်စ်မြို့တွင် အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်းများက သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် ဘရောင်းတက္ကသိုလ်အတွင်း၌ အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ဘရောင်းတက္ကသိုလ် သေနတ်ပစ်ခတ်မှု၏ သံသယရှိသူ သက်ဆိုင်ရာသဲလွန်စများ စုဆောင်းလျက်ရှိကြောင်း အမေရိကန်မီဒီယာများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းဖော်ပြကြသည်။FBI က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဆုကြေးငွေဖြင့် သဲလွန်စ စုဆောင်းခြင်းသည် “တာဝန်ရှိသူက မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုမှု၊ ဖမ်းဆီးမှုနှင့် ပြစ်မှုအတည်ပြုမှု” အတွက် သက်ဆိုင်ရာ အချက်အလက်များ ရရှိနိုင်ကြောင်း FBI ဘော့စတွန်မြို့ ဌာနခွဲ တာဝန်ခံ Ted Docks က ပြောကြားခဲ့သည်။ အဆိုပါ သံသယရှိသူသည် “လက်နက်ကိုင်ဆောင်ထားပြီး အလွန်အန္တရာယ်မြင့်မားမှုရှိသည်” ဟု တရားဥပဒေစိုးမိုးရေးဌာနက ယူဆထားသည်။ သေနတ်ပစ်ခတ်သူ၏ အရပ်အမြင့်သည် ၁.၇၇ မီတာခန့်ရှိပြီး ကိုယ်ခန္ဓာအရွယ်အစား အတန်အသင့်ထွားကြိုင်းကြောင်း FBI က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။FBI စုံထောက်များသည် ကျောင်းဝန်းအတွင်း၌ လုပ်ငန်းလုပ်ဆောင်နေဆဲဖြစ်ပြီး ကျည်ဆန်လမ်းကြောင်းအရာများ မှတ်တမ်းတင်နေသောကြောင့် အများပြည်သူအနေဖြင့် စိတ်ရှည်ရှည်ထားရန် လိုအပ်ကြောင်းလည်း Ted Docks က‌ ပြောကြားခဲ့သည်။

ဘရောင်းတက္ကသိုလ် တည်ရှိရာ ပရောဗစ်ဒန့်စ်မြို့ ရဲစခန်း တာဝန်ခံ Oscar Perez က သတင်းစာရှင်းလင်းပွဲတွင် သေနတ်ပစ်ခတ်သူသည် ဘရောင်းတက္ကသိုလ်အား တိုက်ခိုက်မှုပစ်မှတ်အဖြစ် “အတည်ပြု” ထားကြောင်း၊ သေနတ်ပစ်ခတ်သူသည် ပရောဗစ်ဒန့်စ်မြို့ လူနေရပ်ကွက်အတွင်း ခိုအောင်းနေဆဲ ရှိ၊ မရှိကို တရားဥပဒေစိုးမိုးရေးဌာနက စုံစမ်းစစ်ဆေးလျက်ရှိပြီး အများပြည်သူ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန် ရဲအင်အားများ တိုးချဲ့ဖြန့်ကြက်နေရာချထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရောင်းတက္ကသိုလ်၏ စာသင်ဆောင်တစ်ဆောင်တွင် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ ဦးထက်မနည်း သေဆုံး၍ ကျောင်းသား ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘရောင်းတက္ကသိုလ်သည် အမေရိကန်၏ အမည်ကျော် Ivy League အဖွဲ့ဝင်တက္ကသိုလ်ကျောင်း ၈ ကျောင်းအနက် တစ်ကျောင်းဖြစ်ပြီး ဘွဲ့ကြိုကျောင်းသား ၇,၃၀၀ ခန့်နှင့် မဟာဘွဲ့တန်းကျောင်းသား ၃,၀၀၀ ကျော်ရှိသည်။ ဒီဇင်ဘာ ၁၃ ရက်က အဆိုပါတက္ကသိုလ် ဆောင်းဦးရာသီ စာသင်ကာလအကုန် စာမေးပွဲ ဒုတိယနေ့ဖြစ်ကြောင်း သိရသည်။ (Xinhua)

#US #FBI #BrownUniversity #အမေရိကန် #အမေရိကန်ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို #ဘရောင်းတက္ကသိုလ်
——————————————
(Chinese Version)
美联邦调查局悬赏5万美元征集布朗大学枪击事件嫌疑人线索
新华社旧金山12月15日电(记者吴晓凌)据美国媒体15日报道,美联邦调查局悬赏5万美元征集布朗大学枪击事件嫌疑人的有关线索。
美联邦调查局波士顿分局负责人特德·多克斯表示,联邦调查局悬赏5万美元征集能够促成“对责任人的身份确认、抓捕以及定罪”的相关信息。执法部门认为该名嫌疑人“持有武器,且具有高度危险性”。联邦调查局已发布通告,称枪手身高约1.77米、体型较为魁梧。
多克斯称,联邦调查局探员仍在校园内工作,记录弹道轨迹,公众需要保持耐心。
布朗大学所在的普罗维登斯市警察局负责人奥斯卡·佩雷斯在新闻发布会上表示,枪手“明确”将布朗大学作为袭击目标。执法部门正在调查枪手是否仍藏身于普罗维登斯社区内,并已加强警力部署,以确保公众安全。
布朗大学一栋教学楼13日下午发生枪击案,造成至少两名学生死亡、9名学生受伤。布朗大学是美国8所知名的常春藤盟校之一,有约7300名本科生和3000多名研究生。据悉,13日是该校秋季学期期末考试的第二天。(完)
图说:12月13日,在美国罗得岛州普罗维登斯,应急人员在发生枪击事件的布朗大学内工作。新华社/美联