Connect with us

North America

ဆီးရီးယား၌ တိုက်ဖျက်ရေးလှုပ်ရှားမှု အသေးစိတ်အခြေအနေကို အမေရိကန် စစ်တပ်ထုတ်ပြန်၊ ထရမ့် ထုတ်ပြန်ပြောကြား

ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကက်စ် လမ်းမမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီ (ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီ) တွင် “OPERATION HAWKEYE STRIKE” ဟု အမည်ရသည့် လှုပ်ရှားမှု စတင်ခဲ့ပြီး ဆီးရီးယားနိုင်ငံအတွင်းရှိ အစွန်းရောက်အဖွဲ့ ISIS ပစ်မှတ် ၇၀ ကျော်အား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်စစ်တပ်သည် တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အမြောက်များဖြင့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ ISIS ပစ်မှတ်ပေါင်း ၇၀ ကျော်အား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ဂျော်ဒန်စစ်တပ်ကလည်း တိုက်လေယာဉ်ဖြင့် ပံ့ပိုးပေးခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုတွင် အသေးစိတ်တိကျစွာ ပစ်ခတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည် အလုံး ၁၀၀ ကျော် အသုံးပြုထားပြီး ပစ်မှတ်သည် ISIS ၏ အခြေခံအဆောက်အဦနှင့် လက်နက်တိုက်ပင်ဖြစ်သည်ဟု ကြေညာချက်က ဆိုထားသည်။

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်မြောက်ပိုင်း အိုင်ဒါကင်ရွာအတွင်း၌ ပြည်တွင်းစစ်ကြောင့် ပျက်စီးသွားသော နေအိမ်များ ဝေဟင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၃ ရက်တွင် အမေရိကန်နှင့် ဆီးရီးယားလူပုဂ္ဂိုလ်များက ဆီးရီးယားနိုင်ငံ၌ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်စစ်တပ်နှင့် ၎င်း၏မိတ်ဖက်များသည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် လှုပ်ရှားမှု ၁၀ ကြိမ် လုပ်ဆောင်ပြီး “အကြမ်းဖက်သမား” ၂၃ ဦးကို ပစ်ခတ်ရှင်းလင်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုနေ့အစောပိုင်းတွင် အမေရိကန်သမ္မတ ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်သည် ISIS အဖွဲ့အပေါ် “ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှု” များ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့က ဆီးရီးယားနိုင်ငံအတွင်းရှိ အခြေစိုက်နေရာများအပေါ် အားကောင်းသောတိုက်ဖျက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုသည် ဆီးရီးယားဘက်၏ “အပြည့်အဝ ထောက်ခံအားပေးမှု” ရရှိထားကြောင်း ဆိုခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း လူမှုမီဒီယာ၌ ယင်းသည် “စစ်ပွဲရဲ့အစမဟုတ်ပါဘူး။ လက်တုံ့ပြန်မှု ကြေညာချက်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ISIS အဖွဲ့ဝင်များက ဆီးရီးယားနိုင်ငံ Deir al-Zour ပြည်နယ်နှင့် Ar Raqqah ပြည်နယ် သဲကန္တာရဒေသ၌ ခိုအောင်းနေသော “ရုံးချုပ်” နှင့် လက်နက်တိုက်များကို အမေရိကန်စစ်တပ်က စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ Deir al-Zour ပြည်နယ် မြို့တော် Deir al-Zour အတွင်း၌ ပေါက်ကွဲသံများ ကြားရကြောင်း ဆီးရီးယားနိုင်ငံ အမျိုးသားရုပ်သံလွှင့်ဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ လုံခြုံရေးတပ်ဖွဲ့နှင့် အမေရိကန်စစ်တပ် တပ်ဖွဲ့တို့သည် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း Homs ပြည်နယ် Palmyra မြို့ အနီးတစ်ဝိုက်၌ ပူးတွဲကင်းလှည့်နေစဉ် ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည် ၂ ဦးနှင့် ဘာသာပြန်သူအဖြစ် ထမ်းဆောင်သည့် အမေရိကန်အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး အခြား အမေရိကန် စစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်သူသည် ISIS အဖွဲ့ဝင်ဖြစ်ပြီး ၁ ဦးသာရှိကာ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်တပ် CENTCOM နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့က ဆိုသည်။

ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ် ၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားပြီးနောက် အမေရိကန်သည် ထိုစဉ်က ဆီးရီးယားနိုင်ငံ ဗဟိုအစိုးရ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆီးရီးယားနိုင်ငံ၌ အမေရိကန်စစ်တပ်များ ဖြန့်ကြက်နေရာချထားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဆီးရီးယားနိုင်ငံ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရနှင့် အမေရိကန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့သည်။ဆီးရီယားနိုင်ငံအနေဖြင့် အမေရိကန်က ဦးဆောင်သော ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးပြီး ဆီးရီးယားက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် ဒေသတွင်းတည်ငြိမ်မှုအား ထိန်းသိမ်းရေးကဏ္ဍ၌ မိတ်ဖက်အနေအထားကို အတည်ပြုခဲ့ကြောင်း ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ပြန်ကြားရေးဝန်ကြီး Hamza Al-Mustafa က နိုဝင်ဘာလ၌ ပြောကြားခဲ့သည်။ (Xinhua)

——————————-
(Chinese Version)
美军公布在叙打击行动详情 特朗普发声
新华社华盛顿12月19日电 美军中央司令部19日发布声明说,美军于美国东部时间19日16时(北京时间20日5时)开始“鹰眼打击行动”,对极端组织“伊斯兰国”在叙利亚境内的70多个目标发动打击。
声明说,美军动用战斗机、攻击直升机和火炮,对“伊斯兰国”在叙利亚中部的70多个目标实施打击,约旦武装部队也出动战斗机支援。此次行动使用了100多枚精确制导导弹,目标是“伊斯兰国”的基础设施和武器库。
声明还说,自本月13日美方和叙方人员在叙利亚遭袭后,美军及其伙伴在叙利亚和伊拉克开展了10次行动,打死或拘捕23名“恐怖分子”。
当天稍早时,美国总统特朗普在社交媒体发文称,美方正对“伊斯兰国”展开“严厉报复”,对其在叙利亚境内的据点发起强力打击,此次行动得到叙方“完全支持”。美国防部长赫格塞思在社交媒体上表示,这“并非战争的开始,而是复仇的宣言”。
据叙利亚国家电视台报道,美军对“伊斯兰国”成员在叙代尔祖尔省和拉卡省沙漠地区藏身的“总部”和武器库发动军事打击。代尔祖尔省首府代尔祖尔市区可以听到爆炸声。
13日,叙过渡政府安全部队和美军部队在叙中部霍姆斯省巴尔米拉市附近联合巡逻时遭到枪击。美军中央司令部和美国国防部说,袭击造成两名美军士兵和一名担任翻译的美国平民死亡,另有3名美军士兵受伤;枪手来自“伊斯兰国”,只有一人,已在交火中被打死。
叙利亚内战2011年爆发后,美国未经当时的叙中央政府许可,开始在叙部署美军。去年12月叙政局剧变后,叙过渡政府与美国改善关系。叙过渡政府新闻部长穆斯塔法11月称,叙方已与美国主导的打击“伊斯兰国”国际联盟签署一份政治合作宣言,确认叙利亚在打击恐怖主义和维护地区稳定方面的伙伴地位。(完)
1、这是12月7日拍摄的叙利亚首都大马士革街景。新华社发(阿马尔·萨法尔贾拉尼摄)
2、这是12月4日在叙利亚阿勒颇北部艾因达克内村航拍的在内战中被毁的房屋。新华社发