Connect with us

North America

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် အမျိုးသားအစောင့်တပ်များ “အသင့်အနေအထား” ဝင်ရောက်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြစာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော မင်နီယာပိုလစ်တွင် တင်းမာမှု အခြေအနေများ ဆက်တိုက်ဖြစ်ပွားနေသည်နှင့်အမျှ မင်နီဆိုးတားပြည်နယ် အစိုးရအရာရှိက အဆိုပါပြည်နယ် အမျိုးသားအစောင့်တပ်များသည် “အသင့်အနေအထား” ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ကြေညာခဲ့သည်။ ထိုနေ့တွင် ရွှေ့ပြောင်းနေထိုင်မှုအား ထောက်ခံအားပေးသူနှင့် ရွှေ့ပြောင်းနေထိုင်မှုကို ဆန့်ကျင်ကန့်ကွက်သည့် အစုအဖွဲ့များက မင်နီယာပိုလစ်မြို့လယ်၌ ပဋိပက္ခဖြစ်ပွားခဲ့သည်။မင်နီဆိုးတားပြည်နယ် အမျိုးသားအစောင့်တပ်များကို ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ၏ ညွှန်ကြားချက်အရ စုစည်းနေပြီဖြစ်ကြောင်း၊ သို့သော် မြို့ပြလမ်းမများထက်တွင် ဖြန့်ကြက်နေရာချထားခြင်း မရှိသေးကြောင်း၊ အမျိုးသားအစောင့်တပ်သည် “အသက်အိုးအိမ် စည်းစိမ်ဥစ္စာများနှင့် ငြိမ်းချမ်းစွာ စုဝေးသူများ၏ အခွင့်အရေး၊ အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းခြင်း အပါအဝင် အများပြည်သူ လုံခြုံရေးအတွက် ပံ့ပိုးပေးရန် အဆင်သင့် ပြင်ဆင်ပြီးဖြစ်သည်” ဟု အဆိုပါပြည်နယ် အများပြည်သူလုံခြုံရေးဌာနက လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း အဆောက်အဦရှေ့တွင် ဆန္ဒပြသူများနှင့် အမျိုးသားအစောင့်တပ်တို့ ပဋိပက္ခဖြစ်ပွားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မင်နီဆိုးတားပြည်နယ် အမျိုးသားအစောင့်တပ်ကလည်း လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းတို့အဖွဲ့ဝင်များသည် အသင့်အနေအထား၌ရှိနေပြီး ဒေသန္တရ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေး အဖွဲ့အစည်းများကို ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၇ ရက်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ဝန်ထမ်းများက မင်နီယာပိုလစ်မြို့၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ရည်ရွယ်သည့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု လုပ်ဆောင်စဉ်တွင် အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Renee Nicole အား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ဒေသတွင်း၌ အခြေအနေတင်းမာမှုနှင့် အမေရိကန်နိုင်ငံတစ်ဝန်း လူထုသဘောထား၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံခဲ့ရသည်။ ထို့နောက် Tim Walz က ကြိုတင်အမိန့်ထုတ်ပြန်၍ အမျိုးသားအစောင့်တပ်အား စုစည်းရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

မင်နီယာပိုလစ်မြို့၌ ရက်ဆက်တိုက် ဆန္ဒပြလှုပ်ရှားမှုများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ကွန်ဆာဗေးတစ် အွန်လိုင်းဆယ်လီတစ်ဦးသည် ဇန်နဝါရီ ၁၇ ရက်တွင် မြို့တော်ခန်းမ၌ ထောက်ခံသူအစုအဖွဲ့ အနည်းငယ်နှင့်အတူ ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်၍ အမေရိကန် ICE အား ထောက်ခံအားပေးသည့် စုဝေးပွဲ ကျင်းပခဲ့ရာ အတိုက်အခံအဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ အဆိုပါ အွန်လိုင်းဆယ်လီသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် “လွှတ်တော်အဓိကရုဏ်း” ကိစ္စရပ်တွင် ပါဝင်သူများအနက် တစ်ဦးဖြစ်ပြီး ယင်းနောက်တွင် အမေရိကန် သမ္မတ ထရမ့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူဖြစ်သည်။ (Xinhua)

#US #MinnesotaNationalGuard #Ready #အမေရိကန် #မင်နီဆိုးတားပြည်နယ်အမျိုးသားအစောင့်တပ် #အသင့်အနေအထား
———————————————–
(Chinese Version)
美国明尼苏达州国民警卫队进入“待命状态”
新华社洛杉矶1月17日电(记者高山)随着美国明尼苏达州最大城市明尼阿波利斯紧张局势持续,明尼苏达州官员17日宣布,该州国民警卫队进入“待命状态”。当天,支持移民和反对移民的团体在明尼阿波利斯市中心发生冲突。
明尼苏达州公共安全局在社交媒体发文说,该州国民警卫队已根据州长蒂姆·沃尔兹的指示被动员起来,但尚未部署到城市街道。国民警卫队“已准备好支持公共安全,包括保护生命、维护财产以及支持所有和平集会者的权利”。
明尼苏达州国民警卫队也在社交媒体上发文说,其成员已处于待命状态,准备协助地方执法和公共安全机构。
本月7日,美国移民与海关执法局人员在明尼阿波利斯市进行针对非法移民的执法行动时,开枪打死37岁美国公民蕾恩·妮科尔·古德,引发当地局势紧张和全美舆论高度关注。沃尔兹随后发布预备命令,宣布准备动员国民警卫队。
连日来,明尼阿波利斯市抗议活动不断。17日,一名保守派网红在市政厅与一小群支持者组织反移民和支持美国移民与海关执法局的集会,与立场相对的人群发生冲突。这名网红是2021年1月6日美国“国会山骚乱”事件的参与者之一,后被美国总统特朗普赦免。(完)
1、1月10日,在美国加利福尼亚州旧金山,人们手持标语参加抗议活动。新华社发(朱子于摄)
2、在美国加利福尼亚州洛杉矶市中心的联邦执法机构门前,抗议者与国民警卫队人员发生冲突(2025 年 6 月 8 日摄) 新华社发(邱晨摄)