North America
အစောဆုံးအနေဖြင့် ဩဂုတ် ၂၂ ရက်တွင် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် ထရမ့် ကြိုးပမ်းနေဟု အမေရိကန်မီဒီယာ ဖော်ပြ

ဝါရှင်တန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့နှင့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲအား အစောဆုံးအနေဖြင့် ဩဂုတ် ၂၂ ရက်၌ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပူတင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဥရောပ ခေါင်းဆောင်များအား ပြောကြားခဲ့သည်ဟု အမေရိကန် အွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် Axios က ဩဂုတ် ၁၆ ရက်၌ ဖော်ပြခဲ့သည်။ဇယ်လန်းစကီးက ဝါရှင်တန်တွင် ဩဂုတ် ၁၈ ရက်၌ ထရမ့်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဩဂုတ် ၁၆ ရက်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ ရေးသားခဲ့သည်။ ထရမ့်ကလည်း အိမ်ဖြူတော်တွင် ဩဂုတ် ၁၈ ရက်၌ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဥရောပခေါင်းဆောင်များကို ဖိတ်ကြားထားသည်ဟု Axios သတင်းဌာနက ဆိုသည်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ-ဒုတိယ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား ကြိုဆိုနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်က ဇယ်လန်းစကီးနှင့် ထရမ့်တို့ ဩဂုတ် ၁၈ ရက်၌ တွေ့ဆုံပြီးနောက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာနိုင်သည်ဟု မျှော်လင့်ရကြောင်း ဩဂုတ် ၁၆ ရက်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံဘက်ကမူ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ ယခုအချိန်ထိ လူသိရှင်ကြား ကတိကဝတ်ပြုခြင်း မရှိသေးပေ။ (Xinhua)
…………………………………………………………..
(English Version)
Trump seeks to hold trilateral summit as early as Aug. 22: media
WASHINGTON, Aug. 16 (Xinhua) — U.S. President Donald Trump has told European leaders after his meeting with Russian President Vladimir Putin that he wants to arrange a trilateral summit with Putin and Ukrainian President Volodymyr Zelensky as soon as Aug. 22, U.S. online media outlet Axios said Saturday.
Zelensky said in an X post Saturday that he will meet Trump in Washington on Monday. Trump also invited the European leaders to join Monday’s White House meeting, according to Axios.
German Chancellor Friedrich Merz said on Saturday that a trilateral summit is expected to follow Monday’s meeting between Zelensky and Trump. So far, the Russian side has not publicly committed to a trilateral meeting. Enditem
English Caption 1
U.S. President Donald Trump (R) and Russian President Vladimir Putin attend a joint press conference after concluding their talks in Anchorage, Alaska, the United States, on Aug. 15, 2025. (Xinhua/Wu Xiaoling)
English Caption 2
U.S. President Donald Trump (2nd L) welcomes Ukrainian President Volodymyr Zelensky (2nd R) at the White House in Washington, D.C., the United States, on Feb. 28, 2025. (Xinhua/Hu Yousong)