North America
တစ်ကမ္ဘာလုံးအပေါ် စည်းကြပ်ခွန် နှုန်းထားအသစ်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ ထရမ့် တိုးမြှင့်
နယူးယောက်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန် တရားရုံးချုပ်၏ အကြီးအကျယ် အထိနာစေသော ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝန်းမှ နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂၁ ရက်၌ ကမ္ဘာ့နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန်နှုန်းထားအသစ်ကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။“အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ဝန်းမှ နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို အပြည့်အဝ ခွင့်ပြုထားပြီး ဥပဒေကြောင်းအရ ဆန်းစစ်ထားပြီးသား နှုန်းထားဖြစ်တဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်ပြီး အဲဒီထဲက နိုင်ငံအများအပြားဟာ ကျွန်တော် တာဝန်မယူခင်အချိန်အထိ အမေရိကန်အပေါ် ဆယ်စုနှစ်များစွာ အမြတ်ထုတ်နေခဲ့ပြီး ဒဏ်ခတ်မခံခဲ့ရတဲ့ နိုင်ငံတွေဖြစ်တယ်။ အခုလို စည်းကြပ်ခွန်တိုးမြှင့်မှုဟာ ချက်ချင်းအသက်ဝင်လာပါလိမ့်မယ်” ဟု ထရမ့်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆိုရှယ်မီဒီယာပို့စ်တစ်ခု၌ ရေးသားခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် လာမည့် လအနည်းငယ်အတွင်း ဥပဒေကြောင်းအရ လက်ခံနိုင်လောက်သည့် စည်းကြပ်ခွန်နှုန်းထားအသစ်များကို အတည်ပြုဆုံးဖြတ်၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အမေရိကကို တဖန်ပြန်၍ ကြီးမြတ်စေမည့်၊ ယခင်ထက်ပို၍ပင် ကြီးမြတ်စေမည့် အလွန်အောင်မြင်သည့် လုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။
နိုင်ငံတကာ အရေးပေါ်စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေအရ ထရမ့်၏ စည်းကြပ်ခွန်မူဝါဒမှာ ဥပဒေနှင့်လျော်ညီခြင်းမရှိဟု အမေရိကန် တရားရုံးချုပ်က ဆန္ဒမဲ ၆ မဲ၊ ၃ မဲဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်အပေါ် အမျက်ဒေါသထွက်နေသည့် ထရမ့်က နာရီပိုင်းအကြာတွင် နိုင်ငံအားလုံးမှ တင်သွင်းသည့် သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်သည့် အမိန့်ကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)
…………………………………………………………..
(English Version)
Trump raises new global tariff from 10 pct to 15 pct
NEW YORK, Feb. 21 (Xinhua) — U.S. President Donald Trump said Saturday he will raise the new global tariff to 15 percent, one day after he announced a 10 percent worldwide duty following a heavy blow from the Supreme Court.
“I, as President of the United States of America, will be, effective immediately, raising the 10% Worldwide Tariff on Countries, many of which have been ‘ripping’ the U.S. off for decades, without retribution (until I came along!), to the fully allowed, and legally tested, 15% level,” Trump wrote in a social media post on Saturday.
He added that during the next short number of months, his administration will “determine and issue the new and legally permissible Tariffs, which will continue our extraordinarily successful process of Making America Great Again – GREATER THAN EVER BEFORE!!!”
U.S. Supreme Court ruled Friday morning in a 6-3 vote that Trump’s tariff policy under the International Emergency Economic Powers Act was illegal.
Infuriated by the ruling, Trump signed an order imposing a 10 percent tariff on imports from all countries hours later.
English Caption
This photo taken on May 10, 2025 shows cargo ships loaded with containers at the Port of Los Angeles in California, United States. (Photo by Qiu Chen/Xinhua)
