North America
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပရန် အိမ်ဖြူတော် စီစဉ်ထား
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ခေါင်းဆောင်များအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်၌ ကျင်းပရန် အိမ်ဖြူတော်က စီစဉ်ထားကြောင်း အမေရိကန်မီဒီယာ Axios က ဖေဖော်ဝါရီ ၇ ရက်၌ သတင်းဖော်ပြထားသည်။“ဒါဟာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးနဲ့ ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေထူထောင်ရေးကွန်ဖရင့်လည်း ဖြစ်မှာပါ” ဟု အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေး၌ အမှာစကားပြောကြားနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထိုအစည်းအဝေးကို အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု၌ ကျင်းပရန်စီစဉ်ထားပြီး နိုင်ငံအများအပြားမှ ခေါင်းဆောင်များကိုဖိတ်ကြားရန် ဒေါ်နယ်ထရမ့်အစိုးရက စတင်ဆောင်ရွက်လျက်ရှိကြောင်း Axios သတင်းအရ သိရသည်။

ထိပ်သီးအစည်းအဝေးအစီအစဉ်များမှာ အစောပိုင်းအဆင့်တွင်သာရှိသေးကြောင်းနှင့် အပြောင်းအလဲရှိနိုင်ကြောင်း Axios က ဖော်ပြထားသလို ယင်းအပေါ်မှတ်ချက်ပြုရန် အိမ်ဖြူတော်က ငြင်းဆိုထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ပဋိညာဉ်စာတမ်းလက်မှတ်ရေးထိုးခြင်းအခမ်းအနား၌ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ကို တရားဝင်ကြေညာခဲ့သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့နှင့် နဂိုမူလအမေရိကန်မဟာမိတ်အချို့ကမူ အဆိုပါ အဖွဲ့တွင် ပါဝင်ရန် ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
White House plans first Board of Peace summit on Feb. 19: report
WASHINGTON, Feb. 7 (Xinhua) — The White House is planning a leaders’ meeting for the Board of Peace on Feb. 19, U.S. media outlet Axios reported Saturday.
“It will be the first Board of Peace meeting and a fundraising conference for Gaza reconstruction,” an anonymous U.S. official was quoted as saying.
The meeting is planned to be held at the U.S. Institute of Peace, and the Donald Trump administration began reaching out to dozens of countries on Friday to invite their leaders, Axios reported.
The plans for the summit are still in the early stages and could change, Axios said, adding that the White House declined to comment.
U.S. President Donald Trump formally launched the so-called “Board of Peace” on Jan. 22 at a charter-signing ceremony during the World Economic Forum in Davos, Switzerland. Some major global powers and traditional U.S. allies have declined to join the board.
Photo: U.S. President Donald Trump speaks at the World Economic Forum (WEF) Annual Meeting 2026 in Davos, Switzerland, Jan. 22, 2026. (Xinhua/Lian Yi)
