အော့စလို ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံ အော့စလိုမြို့အပြင်ရှိ ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးကြောင်း နှင့် အချင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁ဝ ရက်တွင်ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်မှ ၆၀ ကီလိုမီတာအကွာ ဂါးဒင်းဂရို့ဗ်မြို့တွင် သြဂုတ်လ ၇ ရက်က ဓားထိုးခံရမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် လုယက်သူဟု သံသယဖြစ်ဖွယ်ရှိသူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) အမေရိကန်အနေဖြင့် လက်ရှိ မြောက်ကိုရီးယားအပေါ်တွင် ထားရှိသော မူဝါဒများ မပြောင်းလဲကြောင်း ၊မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုကို လာမည့် ရက်သတ္တပတ်များအတွင်းမှာ ပြန်လည်စတင်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo)က သြဂုတ် ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ ယနေ့သြဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။
ဟူစတန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
တီဂူစီဂါလ်ပါ၊ သြဂုတ်လ ၃ ရက်(ဆင်ဟွာ) ဟွန်ဒူးရပ်နိုင်ငံတောင်ပိုင်းကိုဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် သြဂုတ်လ ၂ ရက်က ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။
တီဂူစီဂါလ်ပါ၊ သြဂုတ်လ ၂ ရက်(ဆင်ဟွာ) ယခုအခါတွင် ဟွန်ဒူးရပ်နိုင်ငံသား ၅,၀၀၀ ခန့်တို့မှာ အမေရိကန်နိုင်ငံတွင်းရှိ တရားမဝင်ရွှေ့ပြောင်းနေ ထိုင်သူများအတွက်အကျဉ်းစခန်းများ၌ ထိန်းသိမ်းထားခြင်းခံနေရကြောင်း ဟွန်ဒူးရပ်သမ္မတ၏ဇနီးဖြစ် သူ အေနာ ဂါစီယာ(Ana Garcia) ကသြဂုတ်လ ၁ ရက်၌ပြောကြားခဲ့သည်။
လော့စ်အိန်ဂျယ်လ်၊ သြဂုတ်လ ၂ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ အက်ဖ်အေ-၁၈အီး စူပါဟောနက် တိုက်လေယာဉ်တစ်စီးသည် လော့စ်အိန်ဂျယ် မြို့၏မြောက်ဘက် ၃၈၀ ကီလိုမီတာအကွာ Death Valley အမျိုးသားဥယျာဉ်အတွင်း ဇူလိုင်လ ၃၁ ရက် ကပျက်ကျခဲ့ရာ လေယာဉ်မှူးဖြစ်သူသေဆုံးခဲ့ကြောင်း အမေရိကန်ရေတပ်က သြဂုတ်လ ၁ ရက် တွင်အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာန၏...
ဝါရှင်တန်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ကို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန် အစိုးရက ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။