ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် သီတင်းပတ်သုံးပတ်စာအတွက် အသုံးပြုရန် ရန်ပုံငွေဖြည့်တင်းရေး ဥပဒေကြမ်းတစ်ခုအား သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လက်မှတ်ရေးထိုးပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု အစိုးရယန္တရား ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ဇန်နဝါရီ ၂၃ ရက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သံသယ ရှိသူကို ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ(Nancy Pelosi) က အစိုးရယန္တရားရပ်ဆိုင်းမှု အားလုံး ပြန်လည် မဖွင့်မချင်း သမ္မတထရမ့်အနေဖြင့် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှုကို ၎င်းအနေဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်း ၊ လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်မည့် ထရမ့်၏...
အော့တဝါ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဆက်စ်ကာတွန် (Saskatoon) မြို့ မြောက်ပိုင်းတွင် ကားစီးရေ ၅၀ တင်ဆောင်လာသော ရထားတစ်စင်း ဇန်နဝါရီလ ၂၂ ရက်က လမ်းချော်ကာ မီးလောင်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း CTV သတင်းအရ သိရသည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ဟီဒဲလ်ဂိုပြည်နယ် တွင် ဇန်နဝါရီ ၁၈ ရက် က ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် ၉၃ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Jorge Alcocer က ဇန်နဝါရီ ၂၂ရက်တွင်ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အလယ်ပိုင်းတွင် ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ၇၁ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များက သင်ခန်းစာများကို မမေ့ပစ်ကြရန်နှင့် အမုန်းစကားများမှ ဝေးဝေးနေကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဇန်နဝါရီလ ၁၈ ရက်က သတိပေးလိုက်သည်။
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဟီဒဲလ်ဂိုပြည်နယ်တွင် ဇန်နဝါရီလ ၁၈ ရက်က ပိုက်လိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်းများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) တို့အကြား ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို “ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း” အိမ်ဖြူတော်က ဇန်နဝါရီလ ၁၈ ရက်တွင်...
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် မြို့ တော် ဘော့စတွန် တွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ တစ်ဦး...