လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ပမာဏ ၇.၁ ရှိသော အင်အားပြင်းငလျင်တစ်ခု ဇူလိုင်လ ၅ ရက် ဒေသစံတော်ချိန် ည ၈း၁၉ နာရီတွင် လှုပ်ရှားသွားကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Searles Valley အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် ဇူလိုင်လ ၄ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၃၃း၄၈ နာရီက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) က ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ သတင်းမီဒီယာ များ ၏ ဇူလိုင် ၄ ရက် ရေးသား ဖော်ပြချက် အရ လတ်တလောရက်ပိုင်း အတွင်း နိုင်ငံ မြောက်ပိုင်း Coahuila ပြည်နယ် ၌ ဖြစ်ပွား ခဲ့သည့်...
တန်ဂူးစီဂယ်လ်ပါ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့ပိုင်း Gracias s Dios ဒေသ ကမ်းခြေအလွန် ကာရေဘီယံပင်လယ်ပြင်တွင် သင်္ဘောနစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့အနီး၌ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးသွားကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော်က အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်တွင် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကို ဆက်လက်ကိုင်တွယ်ထိန်းချုပ်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို ဇွန် ၂၅ ရက်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) နှင့် ၎င်းဦးဆောင်သည့် ဌာနများကို ပိတ်ဆို့မှုပြုလုပ်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ရှင်းလင်းရေးလှုပ်ရှားမှုကို မူလသတ်မှတ်ထားသည့် ဇွန် ၂၃ ရက်မှ နောက်ထပ်နှစ်ပတ် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇွန် ၂၂ ရက်တွင် ပြောကြား ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ရီပတ်ဗလစ်ကန်ပါတီနှင့်...
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကာကွယ်ရေးဝန်ကြီးအဖြစ် ကြည်းတပ်ဆိုင်ရာအတွင်းဝန် မာ့ခ်အက်စ်ပါ (Mark Esper) အား အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ပတ်ထရစ် ရှန်နာဟန် (Shanahan) နုတ်ထွက်ပြီး သုံးရက်အကြာ ဇွန်လ ၂၁...
လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိုအာဟူ (Oahu) ကျွန်းရှိ လေယာဉ်ကွင်းအနီး ဇွန်လ ၂၁ ရက်ညနေပိုင်းက အင်ဂျင်နှစ်လုံးတပ် လေထီးခုန်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် လေယာဉ်ပေါ်လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုခဲ့သည်။