ဝါရှင်တန်၊ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်လေတပ်၏ မောင်းသူမဲ့လေယာဉ် ဒရုန်းတစ်စီး အား အီရန်ကပစ်ချခဲ့ခြင်းနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ်လတ်တလောစစ်ရေးလက်တုံ့ပြန်မှုလတ်တ လောပြန်လည်ပြုလုပ်မှုမပြုရန် ဇွန် ၂၀ ရက် ညနေပိုင်းတွင်ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်သတင်းဌာန များကဖေါ်ပြခဲ့ကြကြောင်းသိရသည်။
ဝါရှင်တန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိမ်ဖြူတော်အနီး ကျောပိုးအိတ်တစ်လုံးပစ်ချကာ စက်ဘီးရပ်နားရာနေရာအား ခုန်ကျော်သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ထောက်လှမ်းရေးဌာနက ဇွန်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အရှေ့ဘက် ကမ်းခြေတွင် ဇွန် ၁၉ ရက် အစောပိုင်း တွင် ကားနှင့် ရထားတိုက်မိသည့် အတွက် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တရားဝင်မဲဆွယ်စည်းရုံးရေးကို ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့၌ ဇွန် ၁၈ ရက် ညပိုင်းတွင် စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) Toronto Raptors ဘတ်စကတ်ဘောအသင်း၏မြောက်အမေရိကတိုက် ဘတ်စကတ်ဘောချန်ပီယံရှစ်ပြိုင်ပွဲ (NBA) တွင် ပထမဆုံးအကြိမ် တံခွန်စိုက်ဆုရသည့် အောင်ပွဲအခမ်းအနား အား ဇွန် ၁၇ ရက် တွင် လူစုလူဝေး နှင့် ကျင်းပချိန် ၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူလေးဦး သေနတ်ပစ်ခံရ၍...
ဝါရှင်တန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံနှင့်တင်းမားမှုဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖွဲ့ဝင် ၁,ဝဝဝ ထပ်မံ၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ယာယီဝန်ကြီး Shanahan က ဇွန် ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇွန်လ ၁၇ ရက် ၌ အယ်လ်ဆာဗေးဒိုး ၊ ဂွာတီမာလာ နှင့် ဟွန်ဒူးရပ်စ် စသည့် အမေရိကတိုက် အလယ်ပိုင်း ဒေသ ရှိ နိုင်ငံများ ၏...
ဝါရှင်တန်၊ဇွန် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ကုမ္ပဏီနှင့်အဖွဲ့အစည်းများ စုစုပေါင်း ၆၆၁ ခုက လက်မှတ်ရေးထိုးထားခဲ့ကြသောစာတစ် စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထံပေးပို့ခဲ့ကြရာတွင်အမေရိကန်အစိုးရအနေနှင့်တရုတ် နိုင်ငံအပေါ် ကုန်သွယ်စည်းကြပ်ခွန်များတိုးမြှင့်ခြင်းကိုရပ်ဆိုင်းရန်နှင့် တရုတ်အစိုးရနှင့်သဘောတူညီ ချက်တစ်ရပ်ရရှိနိုင်ရေးဆောင်ရွက်သွားရန် တိုက်တွန်းဖေါ်ပြထားကြောင်း အမေရိကန်ကုန်သွယ်စည်း ကြပ်ခွန်တိုးမြှင့်ခြင်းဆန့်ကျင်ရေးနိုင်ငံအဝန်းလှုပ်ရှားမှု အသင်းက ဇွန်လ ၁၃ ရက်ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ယခုလကုန်တွင် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါးစ် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ဇွန်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံသို့တပ်ဖွဲ့ဝင် ၁,ဝဝဝ ကျော် ထပ်မံစေလွှတ်၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်မှာ ရုရှားအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်း သိရသည်။