ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ချီကာဂိုမြို့ လမ်းပေါ်တွင် ဇွန် ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ၅ လအရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ထိမှန်သေးဆုံးသွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးအား ကာကွယ်ပေးသော မည်သည့်အစိုးရမဆို လုပ်သင့်လုပ်ထိုက်သည့်အတိုင်း သေနတ်ပစ်ခတ်အကြမ်းဖက်မှုမှ ၎င်းတို့၏ ပြည်သူများအား ကာကွယ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) သေနတ်အကြမ်းဖက်မှုသည် မြို့တွင်းပြဿနာတစ်ခု ၊ မြို့တော်အတွင်းပိုင်းပြဿနာတစ်ခု ၊ အပြာရောင်မြို့တော် သို့မဟုတ် အနီရောင်ပြည်နယ် ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော် ယင်းမှာ “ အမေရိကန်ပြဿနာတစ်ခု” ဟူ၍ ဇွန် ၂၀ ရက်တွင် ထုတ်ဝေခဲ့သည့် ဝါရှင်တန်ပို့စ်(Washington Post)...
လော့အိန်းဂျလိစ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အသက် ၆ လသားအရွယ်ထိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ယခုရက်သတ္တပတ်တွင် စတင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ကာရာကက်စ် ၊ ဇွန် ၂၁ ကိုလံဘီယာနိုင်ငံတွင် ဂူစတာဗိုပက်ထရို(Gustavo Petro) ၏ သမ္မတရွေးကောက်ပွဲအနိုင်ရရှိခဲ့မှုသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ထိန်းသိမ်းရန် နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အခွင့်အလမ်းတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလားညီညွတ်သော ဆိုရှယ်လစ်ပါတီ (PSUV) ပထမဒုတိယဥက္ကဌ Diosdado Cabello က တနင်္လာနေ့တွင်ပြောကြားလိုက်သည်။
ရာမာလာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပါလက်စတိုင်းအရေး ညှိနှိုင်းဆောင်ရွက်ရာတွင် အရင်လူများ(ယခင်အမေရိကန်သမ္မတများ) ကဲ့သို့ပင် တူညီသော မူဝါဒဖြင့် လိုက်ပါ လုပ်ဆောင်နေကြောင်း ပါလက်စတိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဝါရှင်တန်ဒီစီ၌ ဇွန် ၁၉ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်လူငယ် ၁ ဦး သေဆုံးကာ လူကြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကရာကက်စ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်နိုင်ငံ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများသည် “ငွေညှစ်ခြိမ်းခြောက်သောဆောင်ရွက်မှု’’ နှင့်တူညီနေကြောင်း ဒုတိယသမ္မတ Delcy Rodriguez က ဇွန် ၁၇ ရက် တွင် ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် နိုင်ထက်စီးနင်းဆောင်ရွက်မှု သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ၅၀၂...
လောစ့်အိန်းဂျလိစ် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဇွန် ၁၄ ရက်အထိ ရောဂါ ကူးစက်ခံရသူပေါင်း ၇၂ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ (CDC) ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ အမေရိကန်နိုင်ငံ၌ ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားနေသည့်...
အော့တဝါ ၊ ဇွန်၁၄ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့က ၎င်းသည် COVID-19 ရောဂါ ထပ်မံကူးစက်ခံရကြောင်း ဇွန် ၁၃ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။