ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်များ ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် သမ္မတ ပူတင် အမိန့်ချလိုက်ခြင်းအပေါ် အမေရိကန်သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်များ တစ်သားတည်း ခိုင်မာစွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်အကြာက အမေရိကန်နိုင်ငံ သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) သည် “အေးစက်နေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းသည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း အလှည့်အပြောင်း၊ အချိုးအကွေ့များကြားမှ တရုတ်-အမေရိကန် နှစ်နိုင်ငံလုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် မူအားဖြင့်လက်ခံကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) အမေရိကန် ၏ မဟာဗျူဟာ မြောက်ဗုံးကြဲယာဉ်သည် ရုရှားနယ်စပ်အနီး ပျံသန်းမှုအကြိမ်ရေသည် တစ်နှစ်တာအတွင်း ၄၀ ရာခိုင်နှုန်း တိုးလာရာ ကလင်းနင်ဂရက်စ် ပြည်နယ်နှင့် ခရိုင်းမီးယားဒေသ ဝေဟင်ထောက်လှမ်းမှုသည် တစ်ဆနီးပါး တိုးလာကြောင်း ရုရှားလုံခြုံရေးကောင်စီ လက်ထောက် အတွင်းဝန် Mikhail Popovက ဖေဖော်ဝါရီ...
အမေရိကန်နိုင်ငံက ယူကရိန်းနယ်စပ်တွင် တင်းမာမှုများ အရှိန်မြင့်တက်နေသဖြင့် ၎င်းတို့၏သံရုံးကို မြို့တော် ကိယက်ဗ်မှ နိုင်ငံအနောက်ပိုင်းရှိ Lviv မြို့သို့ ယာယီရွှေ့ပြောင်းထားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖေဖော်ဝါရီ ၁၄ ရက်၌ ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုလိုငွေပြမှုသည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်မြင့်မားလာခဲ့သဖြင့် အမေရိကန် နိုင်ငံရေးသမားများနှင့် မီဒီယာများက ယင်းအကြောင်းပြချက်အသစ်ကို တရုတ်နိုင်ငံအား ပြစ်တင်စွပ်စွဲကာ မှင်နီတိုးလာစေရန် အလျင်အမြန် အမိအရ ဖမ်းဆုပ်ခဲ့ကြသည်။
ဟာဗားနား၊ ဖေဖော်ဝါရီ၁၂ ရက်(ဆင်ဟွာ) ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘားနိုင်ငံ၌တော်လှန်ရေးအောင်မြင်ခဲ့ပြီးနောက်တွင်အမေရိကန်နိုင်ငံအစိုးရကကျူးဘားအပေါ်ရန်လိုသည့်သဘောထားမူဝါဒကိုချမှတ်ခဲ့ကြောင်း၊၁၉၆၂ခုနှစ်ဖေဖော်ဝါရီ၃ရက်တွင်ထိုစဉ်ကအမေရိကန်သမ္မတKennedyက သမ္မတအမိန့်စာအမှတ် ၃၄၄၇ ကို လက်မှတ်ရေးထိုးခဲ့ပြီးယင်းနှစ် နှစ်ဖေဖော်ဝါရီ ၇ ရက်မှစ၍ ကျူးဘားနိုင်ငံအပေါ်စီးပွားရေး၊ငွေကြေးနှင့်ကုန်သွယ်ရေးပိတ်ဆို့မှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုနှစ်၆၀တာကာလကြာမြင့်ပြီးနောက် အမေရိကန်သည် ကျူးဘားအပေါ်ပိတ်ဆို့မှုများဆက်လက်ဆောင်ရွက်နေကြောင်း၊ ကျူးဘားနိုင်ငံအပေါ်အမေရိကန်၏ပိတ်ဆို့အရေးယူမှုမှာ နိုင်ငံတစ်နိုင်ငံမှအခြားနိုင်ငံအပေါ်ပြုလုပ်သည့်ပိတ်ဆို့မှုသမိုင်းတွင် အချိန်အကြာမြင့်ဆုံး၊အရှုပ်ထွေးဆုံးနှင့်လူသားချင်းစာနာထောက်ထားမှုမဆန်သောစီးပွားရေးပိတ်ဆို့မှုတိုက်ပွဲ အသွင်ဆောင်ကြောင်းနှင့် ကျူးဘားပြည်သူများ၏ လူအခွင့်အရေးအပေါ်ကြီးမားသောထိပါးမှုဖြစ်ကြောင်း ကျူးဘားအစိုးရကဖေဖော်ဝါရီလအစောပိုင်းတွင်ထုတ်ပြန်ပြောဆိုခဲ့သည်။ မကြာသေးမီကဆင်ဟွာသတင်းအေဂျင်စီမှသတင်းထောက်တစ်ဦးက ကျူးဘားနိုင်ငံမြို့တော်ဟာဗားနားရှိနိုင်ငံသားအများအပြားကို...
ဘူချာရက် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) အရှေ့ဥရောပရှိ မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မဟာမိတ်များကို အားဖြည့်ပေးမည့် အမေရိကန်တပ်ဖွဲ့ ပထမအသုတ်သည် ရိုမေးနီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ယင်းအမေရိကန်တပ်ဖွဲ့ဝင်များသည် နောက်ဆက်တွဲဖြစ်သော တပ်ဖြန့်ချထားခြင်းများအတွက် ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့်အတူ တာဝန်ယူထားကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး Vasile Dincu က...