နယူးယောက် ၊ မေ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘတ်ဖလိုးရှိ ဈေးဝယ်စင်တာတစ်ခု၌ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ထက်မနည်း သေဆုံးသွား ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoigu တို့သည် ယူကရိန်းနိုင်ငံ၌ ရုရှားက အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် တယ်လီဖုန်းဖြင့် မေ ၁၃ ရက်က ဆက်သွယ်စကားပြောကြားခဲ့ကြောင်း...
ဝါရှင်တန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ပွာတိုရီကိုအနီးရေပြင်တွင် မေ ၁၂ ရက်က လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ဦးသေဆုံးကာ အခြား ၃၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုနေ့ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါလှေသည် ပွာတိုရီကို desecheo ကျွန်း မြောက်ဘက်...
ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က Karine Jean-Pierre အား အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ အသစ် အဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ အသက် ၄၄ နှစ်အရွယ်ရှိ Jean-Pierre သည် မေ...
ဝါရှင်တန် ၊ မေ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် မေ ၄ ရက်က COVID-19 စစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဘလင်ကန်သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက PCR စစ်ဆေးမှုတစ်ခုခံယူရာတွင် ကူးစက်ခံထားရသည့် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ned Price ၏...
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံသို့ ကာကွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဧပြီ၂၈ ရက်တွင် လွှတ်တော်သို့ “၂၀၂၂ ဘဏ္ဍာနှစ် အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ” အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကို အတည်ပြုပေးရန်...
ဆန်ဖရန်စစ္စကို ဦ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ တန်ကြေးရှိသည့် တွစ်တာလူမှုကွန်ရက်(Twitter) ကုမ္ပဏီအား ရှယ်ယာတစ်ခုလျှင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၀ ဖြင့် ဝယ်ယူရန် တက်စလာ (Tesla) လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မာ့ခ် ( Elon...
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် အနောက်မြောက်ဘက်ရှိ ရပ်ကွက်တစ်ခုတွင် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားက မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ၃:၂၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအနက်...
ဝါရှင်တန်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ကန်း (Qin Gang) က အမေရိကန်-တရုတ်ဆက်ဆံရေးရှုပ်ထွေးသွားအောင် ယူကရိန်းအကျပ်အတည်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချလုပ်ဆောင်ခြင်းမပြုရန် နှင့် ထိုသို့လုပ်ဆောင်ခြင်းဖြင့် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ယခု သို့မဟုတ် နောင်အနာဂတ်အတွက်ပါ ကောင်းမွန်မည်မဟုတ်ကြောင်း သတိပေးပြောကြား လိုက်သည်။
ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ခ်မြို့ရှိ နေအိမ်တစ်ခု၌ ဧပြီ ၁၇ ရက် အစောပိုင်းက ပါတီပွဲကျင်းပခဲ့ရာ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသူ ၂ ဦး သေဆုံးခဲ့ပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။