ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အများပြည်သူများကို လာရောက်ခွင့်ပိတ်ထားသည့် ထူးခြားသည့် သမ္မတရာထူးအပ်နှင်းပွဲ၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်တွင် Capitol...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်၌ လေးနှစ်တာကာလနေထိုင်ပြီးနောက် ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် နှုတ်ဆက်ပွဲအခမ်းအနားအတွက် Marine One လေယာဉ်ဖြင့် Andrews ပူးတွဲအခြေစိုက်စခန်းသို့...
ချီကီမူလာ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် ဟွန်ဒူးရပ်စ်နှင့်ကပ်လျက် နယ်စပ်မြို့ Vado Hondo တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများကို ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်က တားဆီး၍ လူစုခွဲခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ဇန်နဝါရီ၁၉ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦမှ များစွာမဝေးကွာလှသော မလှမ်းမကမ်းနေရာတစ်ခုတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လွှတ်တော်ဝင်းတစ်ခုလုံးကို ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းတွင် ပိတ်ဆို့မှု lockdown ချလိုက်ကြောင်း လွှတ်တော်အမတ်များထံပေးပို့သော လွှတ်တော် ရဲတပ်ဖွဲ့၏ ပေးစာတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗဟိုအမေရိက နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ(၈,၀၀၀)နီးပါးသည် ဇန်နဝါရီ ၁၇ ရက်က ဂွါတီမာလာနယ်နိမိတ်တွင် ခြေလျင်ခရီးနှင်၍ မြောက်ဘက် မက္ကဆီကို နယ်စပ်သို့ ဦးတည်လျှောက်လှမ်းလာကြပြီဖြစ်ကြောင်း သိရသည်။ သူတို့သည် မက္ကဆီကိုမှတစ်ဆင့် အမေရိကန်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြသည်။
ဝါရှင်တန်၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bower က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနီးကပ်လာသည်နှင့်အမျှ မြို့တော်၏ လူနေရပ်ကွက်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ ကျန်းမာရေးနှင့် လူသားဆိုင်ရာဝန်ဆောင်မှု ဝန်ကြီး Alex Azar က ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်းနှင့် အမေရိကန် လွှတ်တော်အဆောက်အအုံ Capitol ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအပေါ် ရှုတ်ချကြောင်း...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံ Capitol လွှတ်တော်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် အမေရိကန် သမ္မတ ရာထူးအပ်နှင်းခြင်းအခမ်းအနား ကျင်းပမည့် ဇန်နဝါရီ ၂၀ ရက်တွင် လုံခြုံရေးပြဿနာရှိမည်ကို ဗဟိုအစိုးရ နှင့်ဒေသဆိုင်ရာအာဏာပိုင်များက စိုးရိမ်လျက်ရှိနေကြသည်။ ထို့ကြောင့် အမေရိကန်သမ္မတ ထရမ့်က မြို့တော်ကို ဇန်နဝါရီ...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံသားများအနေဖြင့် လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲ၌ အကြမ်းဖက်မှုမလုပ်ဆောင်ကြရန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဂူးဂဲလ် (Google) ၏ YouTube ဗီဒီယိုထုတ်လွှင့်သောဝန်ဆောင်မှုက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အကောင့်ကို ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမှစတင်ကာ အနည်းဆုံး သီတင်းပတ်တစ်ပတ်ကြာ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။