ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်မသက်ဆိုင်သော်လည်း အင်တာနက်ရာဇဝတ်မှုကျူးလွန်မှုနှင့်ပတ်သတ်ပြီး ရုရှားသမ္မတ ပူတင်နှင့် အချိန်မီတွေ့ဆုံပြောကြားသွားလိုကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်သက်ဆိုင်သည်ဟု အမေရိကန်အနေဖြင့်...
နယူးယောက်၊ မေ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အဓိကလောင်စာဆီပိုက်လိုင်းစနစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် ရေနံဈေးနှုန်းသည် မေ ၁၁ ရက်တွင် မြင့်မားလျက်ရှိကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် ဟောမျူ့ (Hormuz) ရေလက်ကြားတွင် မေ ၁၀ ရက်အစောပိုင်းက အီရန် အစ္စလာမ်မစ် တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့ ရေတပ် (IRGCN) ၏ စပိဘုတ်များနှင့် အနီးကပ်ရင်ဆိုင်ကြုံတွေ့စဉ် သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ပင်တဂွန်က မေ ၁၀...
ဟူစတန်၊မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း ရှိ နေရာများသို့ ဂတ်စ်ဓာတ်ငွေ့ နှင့် ဒီဇယ်ဆီများ အဓိက ပို့လွှတ်ပေးနေသည့် ပိုက်လိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နှစ်ရက်ဆက်တိုက် ဆက်လက် ပိတ်ထားခဲ့ရကြောင်း ပိုက်လိုင်းကုမ္ပဏီက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ကော်လိုရာဒိုစပရင်းစ်တွင် မေ ၉ ရက် နံနက်ပိုင်းက မွေးနေ့ပါတီတစ်ခုအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူကြီး ၆ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေနတ်သမားမှာလည်း အခင်းဖြစ်နေရာ၌ပင် ၎င်းကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
နယူးယောက်၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တိုင်းမ်စကွဲရင်ပြင်တွင် မေ ၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ(၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊ မေ ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဗဟိုအမေရိကမှ ရွှေ့ပြောင်းသွားလာသူများအား မြောက်ပိုင်းသို့ရွှေ့ပြောင်းရန် တွန်းအားပေးနေသည့် ကိစ္စရပ်များကို ကိုင်တွယ်ရေး ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြကြောင်း မက္ကဆီကို သမ္မတ Andres Manuel Lopez Obrador နှင့် အမေရိကန် ဒုတိယ သမ္မတ...
လော့စ်အိန်ဂျလိစ်၊ မေ ၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း San Joaquin ကောင်တီ၊ Clements ရပ်ကွက်ရှိ ဘားပိုင်ရှင်တစ်ဦးသည် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများ ရောင်းချမှုအတွက် တရားစွဲဆိုဖမ်းဆီးခံရကြောင်း ကယ်လီဖိုးနီးယား အရက်အဖျော်ယမကာထိန်းချုပ်ရေးဌာန (ABC) က ကြေညာခဲ့သည်။
ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Mesquiteမြို့တွင် မေ ၄ ရက်က ရဲတပ်ဖွဲ့ဝင်(၂)ဦး၏ ပစ်ခတ်မှုကြောင့် Ashton Pinkeအမည်ရှိ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
မက္ကဆီကိုစီးတီး၊ မေ ၅ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း မက္ကဆီကိုစီးတီးမြို့တွင် မေ ၃ ရက် ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျပြီးနောက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ အဆိုအရ သိရသည်။