ဝါရှင်တန်၊မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က လာမည့် ဇွန်လတွင် သွားရောက်မည့် ၎င်း၏ ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်အတူ တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း မေ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မေ ၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ တောင်ပိုင်းတွင် မေ ၃ ရက်ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အခြားသူ ၇၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များမှ ကနဦးနောက်ဆုံးရသတင်းအရ သိရသည်။
ဆန်ဖရန်စစ္စကို ၊ မေ ၄ ရက်(ဆင်ဟွာ) အိမ်ထောင်သက် ၂၇ နှစ် ကြာပြီးနောက် ၎င်းတို့၏ အိမ်ထောင်ရေး ကွဲရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း (Microsoft) မိုက်ခရိုဆော့သူဌေးကြီး ဘီလ်ဂိတ် နှင့် မယ်လင်ဒါတို့ ဇနီးမောင်နှံနှစ်ဦးက မေ ၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဧပြီ ၃၀ ရက်၌ အိန္ဒိယနိုင်ငံအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုဆောင်ရွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မက္ကစီကိုစီးတီး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မက္ကစီကိုနိုင်ငံ မြောက်ပိုင်း Nuevo Leon ပြည်နယ် ရှိ Del Norte အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လေယာဉ်ငယ်တစ်စင်းပျက်ကျမှုတွင် အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်မြို့ပြကာကွယ်ရေး အာဏာပိုင် မှ ဧပြီ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) ၁၉၆၉ ခုနှစ်က လကမ္ဘာသို့ အောင်မြင်စွာ သွားရောက်နိုင်ခဲ့သော အပိုလို ၁၁ အာကာသခရီးစဉ်တွင် လိုက်ပါသွားသူ အာကာသယာဉ်မှူး သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့် အမေရိကန်နိုင်ငံသား အာကာသယာဉ်မှူးမိုက်ကယ်ကိုလင်း (Michael Collins) သည် ၂၀၂၁ ခုနှစ် ဧပြီ ၂၈...
ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်းစတင်တာဝန်ယူခဲ့သည့် ဇန်နဝါရီလ မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗြိတိန် နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန်လတွင် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၂၃ ရက်တွင်ပြောသည်။
နယူးရောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဈေးကွက်အတွင်း နောက်ဆုံးရအချက်အလက်များအား ဆန်းစစ်ချက်အရ ဧပြီ ၂၂ ရက်နှောင်းပိုင်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာမှာ အမြင့်ဘက်သို့ ဦးတည်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေး တပ်မှူး Kenneth McKenzie က လာမည့်လများအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်၏ ဆောင်ရွက်နိုင်စွမ်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ ကျော်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC) အရ သိရသည်။