ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ Smithsonian ၏ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံ တောရိုင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းနှင့် ပန်ဒါကြီးမျိုး သုတေသနပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို သက်တမ်းတိုးလိုက်ကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှစ၍ ဆိုမာလီယာ နိုင်ငံတွင် နေရာချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အများစု နှင့် လက်နက် ကိရိယာများကို ပြန်လည် ရုပ်သိမ်းသွားမည်ဟု အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက...
ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် သမ္မတတာဝန်ရယူပြီးနောက် ပထမရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများကို နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ် ရှိနေခြင်း ဖြစ်နိုင်သည်ဟု သုတေသီများက လေ့လာတွေ့ရှိခဲ့ကြောင်းနှင့် ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း သေဆုံးလူနာအရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC) အကြီးအကဲက နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေသဖြင့် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် လူနာ လက်ခံနိုင်သည့် အနေအထားကို ကျော်လွန်ရောက်ရှိနေကြောင်း နှင့် နိုင်ငံသည် အခက်ခဲဆုံးအချိန်ကာလဖြင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင်...
ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ အစိုးရရှေ့နေချုပ်William Barr က ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပစ်ရန် နေရာအနှံ့အပြား မဲမသမာမှုဖြစ်စဉ်များ သက်သေပြနိုင်ခြင်း မတွေ့ရကြောင်း အမေရိကန်တရားရေးဌာန(DOJ)သို့ ဒီဇင်ဘာ ၁ ရက်တွင် ထွက်ဆိုပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံအထွေထွေအုပ်ချုပ်ရေးအဖွဲ့(GSA)က ဂျိုးဘိုင်ဒန်အား တရားဝင် သမ္မတရာထူးလွှဲပြောင်းရေးအစီအစဉ် စတင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးလ်လေကြောင်းသွားလာမှုလုပ်ငန်းသည် COVID-19 ကပ်ရောဂါ၏ပြင်းထန်သည့် သက်ရောက်မှုမှ ပြန်လည်ဦးမော့လာခဲ့ပြီး ဒီဇင်ဘာတွင် ပြီးခဲ့သည့်နှစ် အလားတူကာလက စာရင်းရှိခဲ့သည့်ပမာဏ၏ ၈၀ ရာခိုင်နှုန်း ပြန်လည်ပတ်နိုင်ရန်မျှော်လင့်ထားကြောင်း လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များက ကွန်ဂရက် လွှတ်တော်ဥက္ကဌ အဖြစ် နန်စီပလိုစီအား နောက်ထပ် ၂ နှစ်ထပ်မံ တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာ ၁၈ ရက်က ပါတီတွင်း မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဆိုက်ဘာလုံခြုံရေး နှင့် အခြေခံအဆောက်အဦလုံခြုံရေးအေဂျင်စီ (CISA) ညွှန်ကြားရေးမှူးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။