ဘရာဇီးလီယာ ၊နိုဝင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအစိုးရမှ နိုင်ငံရေးခိုလှုံခွင့်ကမ်းလှမ်းချက်အား သမ္မတရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့သည့် ဘိုလီးဗီးယားနိုင်ငံသမ္မတဟောင်း Evo Morales ကနိုဝင်ဘာ ၁၁ ရက် တွင် လက်ခံခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ၏ ပြောကြားချက်အရသိရသည်။ (Xinhua)
ဟော့စတန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး မြို့ဖြစ်သော ဟော့စတန်မြို့ရှိ လုပ်ငန်းရှင်များက တရုတ် နိုင်ငံနှင့် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများကို တိုးချဲ့ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဒေသခံ စီးပွားရေး ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် မေလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်အောင်ပွဲနေ့(Victory Day) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း နှင့် အခမ်းအနားတက်ရောက်နိုင်ရန် ၎င်း၏ အလုပ်အချိန်ဇယား အဆင်ပြေမပြေ မသေချာသေးကြောင်း နိုဝင်ဘာ ၈ ရက်တွင်ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Upland မြို့တွင် နိုဝင်ဘာ ၇ ရက်က နေအိမ်တစ်လုံးပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) မိခင်သုံးဦး နှင့် ရင်သွေးငယ်ခြောက်ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၉ ဦးပါဝင်သော အမေရိကန်မိသားစုတစ်ခုသည် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း၌ မူးယစ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု သံသယရှိသူများ၏ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ၅ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပန်ဆူဗေးနီးယား (Pennsylvania) ပြည်နယ် ၊ Pocono တောင်တန်းပေါ်ရှိ သက်တမ်း ၁၁၇ နှစ်ရှိသော အပန်းဖြေစံအိမ်သည် မီးလောင်မှုတစ်ခုအတွင်း ပျက်စီးဆုံးရှုံးသွားခဲ့ရပြီဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းမီဒီယာက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ Orinda မြို့ရှိ အိမ်တစ်အိမ်တွင်ပြုလုပ်သည့် တစ္ဆေကြီးည ပါတီပွဲတွင် အောက်တိုဘာလ ၃၁ ရက် ညတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူလေးဦးသေဆုံးခဲ့ပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KTVU ဒေသခံတီဗွီသတင်းတွင် နိုဝင်ဘာလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာလ ၁ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍနှင့်နျူကလီး ယား(သို့မဟုတ်)စစ်ဖက်အစီအစဉ်များနှင့်ဆက်စပ်၍ ပစ္စည်းလေးမျိုးလွှဲပြောင်းတင်ပို့မှုကိုပိတ်ပင်လိုက် ကြောင်း အောက်တိုဘာလ ၃၁ ရက်ကကြေညာခဲ့ပါသည်။
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ဒစ္စနေးရုပ်ရှင်ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ဝက်ဝက်ကွဲလူကြိုက်များခဲ့သော “Frozen” ကာတွန်းရုပ်ရှင်ဇာတ်ကား၏ နောက်ဆက်တွဲ “Frozen 2” ဇာတ်ကားကို အမေရိကန်နိုင်ငံ၌ ရုံတင်ပြသသည့် နိုဝင်ဘာ ၂၂ ရက်တွင်ပင် တရုတ်နိုင်ငံ၌လည်း ရုံတင်ပြသမည်ဖြစ်ကြောင်း ဒစ္စနေး၏ တရားဝင် Weibo...