ဝါရှင်တန်၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နှင့်မက္ကဆီကိုနယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ လူဦးရေသည် နှစ်ပေါင်း(၂၀)ကြာကာလတွင် အများဆုံးဖြစ်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသည့် အရွယ်ရောက်ပြီးသော တစ်ကိုယ်ရေသမားများနှင့်မိသားစုအများစုကို နယ်နှင်ခဲ့သော်လည်း အဖော်မရှိသည့်ကလေးငယ်များကို နယ်နှင်မှုများလုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas၏ မတ် ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နှင့်အီရန်အကြား တစ်ဆင့်ခံ သံတမန်ဆက်ဆံရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်လုံခြုံရေး အကြံပေး Jake Sullivanက မတ် ၁၂ တွင် ပြောကြားခဲ့သည်ဟု ဝါရှင်တန်ရှိ ရိုက်တာ သတင်းက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ချီကာဂို၊မတ်၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တောင်ပိုင်းရှိ စီးပွားရေးအဆောက်အအုံတစ်လုံးတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ပေါ့ပါတီပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦး ကျည်ထိမှန်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၀ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး အသက် ၃၁...
မက္ကဆီကို ၊ မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး တတိယအသုတ်သည် မက္ကဆီကိုနိုင်ငံ မက္ကစီကိုစီးတီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၂,၃၀၀)အား ဆက်လက်နေရာချထားရန် ကာကွယ်ရေးဝန်ကြီး Lloyd Austinကခွင့်ပြုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်များတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်သည် ဖေဖော်ဝါရီလတွင် (၁)သိန်းနီးပါးရှိကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ သိရသည်။
ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ယခင်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက်က အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ကွဲကွာနေကြရသော ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစုဝင်များကို အမေရိကန်နိုင်ငံအတွင်း ပြန်လည်ပေါင်းစည်းခွင့်ရရှိစေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင် လွှတ်တော်အဆောက်အဦထဲသို့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည်ဟု သံသယရှိသူများအား တရားစွဲဆိုထားရာ လူပေါင်း (၃၀၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အနည်းဆုံး လူ(၂၈၀)ကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
မက္ကစီကိုစီးတီး ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ မြို့တော်အနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ဖြစ်ပွားခဲ့သည့် Croix-des-Bouquets အကျဉ်းထောင်ဖောက်ထွက်ပြေးမှုတွင် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်းကို ဟေတီအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ဗဟိုအမေရိကတိုက် နိုင်ငံများဖြစ်သည့် အယ်လ်ဆာဗေးဒိုး ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရသူ ဦးရေသည် လွန်ခဲ့သည့်(၂)နှစ်ကထက် လေးဆတိုးမြင့်လာခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများက...