နယူးယောက် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ဘရွတ်ကလင်းရပ်ကွက်(Brooklyn)၌ ဇူလိုင် ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ဌာန(NYPD) ၏ ပြောကြားချက်အရ သိရသည်။
မက္ကဆီကို စီတီး၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်မှ မှောင်ခိုတင်သွင်းလာသည့် သေနတ်များကြောင့် မက္ကဆီကိုနိုင်ငံတွင် အုပ်စုလိုက် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရအနေဖြင့် သေနတ်မှောင်ခိုနှိမ်နှင်းမှုကို ဦးစားပေးမူဝါဒတစ်ခု အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွန်ခဲ့သောရက်များက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) သည် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် မိုက်ခရိုနီးရှားနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အတွင်းသွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်တွင်...
ဝါရှင်တန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဘီးယား နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့လက်နက်များ ရောင်းချရန် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်အစိုးရ၏ ကြိုးပမ်းမှုအား ပိတ်ပင်ရန် ရည်ရွယ်သော ကွန်ဂရက်၏ ဆုံးဖြတ်ချက်များအား သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၄...
အော့တဝါ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Saint-Eustache ဒေသတွင် ဇူလိုင်လ ၂၃ ရက် နံနက်က မော်တော်ကား ၃စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ နောက် ကျောင်းဘတ်စ်ကား၂ စီးမီးလောင်ခဲ့ပြီး စုစုပေါင်း လူ ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုမှာ ကလေးများဖြစ်ကြောင်း CBC...
ဝါရှင်တန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) မုဒိန်းမှုဖြင့် စွပ်စွဲခံရသည့် ဘောလုံးအကျော်အမော် ခရစ္စတီယာနိုရော်နယ်ဒိုအား ယင်းအမှုဖြင့် တရားစွဲဆိုသွားမည်မဟုတ်ကြောင်း အမေရိကန်အစိုးရရှေ့နေများက ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနှံ့အပြားတွင် အပူလိုင်းဖြတ်သန်းမှုဖြစ်ပွားခဲ့ရာ အပူဒဏ်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများ၏ ဇူလိုင် ၂၀ ရက် သတင်းများအရ သိရသည်။
ချီကာဂို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နယူးယောက်မြို့တွင် အပူချိန်နှင့် စိုထိုင်းမှုသည် အပြေးပြိုင်ပွဲကျင်းရန်အတွက် လုံခြုံစိတ်ချမှု အခြေအနေမရှိသောကြောင့် ဇူလိုင် ၂၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသော သုံးမျိုးစုံကစားနည်းပြိုင်ပွဲအား ဖျက်သိမ်းလိုက်ရကြောင်း ဒေသတွင်းမီဒီယာများ ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင် ၁၈ ရက် ၌ အမေရိကန် စစ်သင်္ဘော တစ်စီး က Hormuz ပင်လယ်ကွေ့ တွင် အီရန် မောင်းသူမဲ့ လေယာဉ် အား...