ဟို့စ်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း ဘာရီ (Barry) သည် အမေရိကန်ပြည်ထောင်စု၊ လူစီယားနားပြည်နယ် (Louisiana) ကမ်းရိုးတန်းအလယ်ပိုင်းတစ်လျှောက် ဟာရီကိန်းမုန်တိုင်းအဖြစ် ဇူလိုင်လ ၁၃ ရက်နံနက်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan) တို့သည် ယခု ဇူလိုင် ၂၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် အခြား ကိစ္စရပ်များအား...
ဝါရှင်တန်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ဗြိတိန်သံအမတ်နှင့် နောက်ထပ် အဆက်အဆံလုပ်မည်မဟုတ်ဟု သမ္မတ ထရမ့်က ဇူလိုင် ၈ ရက်က ပြောကြားခဲ့ရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အိမ်ဖြူတော်၏ မည်သည့် ညွှန်ကြားချက်မှမရရှိသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
အော့တဝါ ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ Manitoba ပြည်နယ် Winnipeg မြို့ရှိ ဟိုတယ်တစ်လုံး၌ ကာဗွန်မိုနောက်ဆိုက်ဒ် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၄၆ ဦးကို အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း နှင့် ယင်းတို့အနက် ၁၅ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက...
ဝါရှင်တန်၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch၏ ထရမ့်အစိုးရအပေါ် ဝေဖန်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားပြီးနောက် အမေရိကန် သမ္မတ ထရမ့်က ၎င်းနှင့်နောက်ထပ် အဆက်အဆံလုပ်တော့မည်မဟုတ်ဟု ဇူလိုင် ၈ ရက်က တုံ့ပြန်ပြောဆိုခဲ့သည်။
နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဇူလိုင် ၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၈း၄၉နာရီ တွင် ဖီဂျီနိုင်ငံ၊ ဖီဂျီကျွန်း ၏ တောင်ဘက်၌ အင်အား ၅.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကဆိုသည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Plantation ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇူလိုင် ၆ ရက်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ပမာဏ ၇.၁ ရှိသော အင်အားပြင်းငလျင်တစ်ခု ဇူလိုင်လ ၅ ရက် ဒေသစံတော်ချိန် ည ၈း၁၉ နာရီတွင် လှုပ်ရှားသွားကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Searles Valley အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် ဇူလိုင်လ ၄ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၃၃း၄၈ နာရီက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) က ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ သတင်းမီဒီယာ များ ၏ ဇူလိုင် ၄ ရက် ရေးသား ဖော်ပြချက် အရ လတ်တလောရက်ပိုင်း အတွင်း နိုင်ငံ မြောက်ပိုင်း Coahuila ပြည်နယ် ၌ ဖြစ်ပွား ခဲ့သည့်...