ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ဂျာစီမြို့၌ ဒီဇင်ဘာ ၁၀ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦး ၊ အရပ်သား ၃ ဦး နှင့် သံသယတရားခံ ၂ ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံသမ္မတအိမ်တော်အနီး၌ ဒီဇင်ဘာ ၇ ရက်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားလူ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီက ဦးဆောင်သော အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုများအား အစီရင်ခံစာအပေါ် လက်ခံရန် မဲခွဲဆုံးဖြတ်မှုကို ပါတီ၏ လုပ်ငန်းစဉ်များနှင့်အညီ ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟော့စတန်၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ ဟော့စတန်မြို့၏အရှေ့ဘက် ၁၅၀ ကီလိုမီတာအကွာ တွင်ရှိသောပို့သ်နီချီးစ်မြို့(Port Neches)၌ နိုဝင်ဘာလ၂၇ ရက်က TPC Group မှလည်ပတ်နေသော ဓါတုစက်ရုံတစ်ရုံအဆက်မပြတ်ပေါက်ကွဲမှုများဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ အရေးပေါ်အခြေအနေအား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ အရှေ့တောင်ဘက်ရှိ ဖလော်ရီဒါ ပြည်နယ် ဂျုပီတာမြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ယာဉ်တစ်စီးနှင့် Amtrak ခရီးသည်တင် ရထား တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ပေါ်ပါ လူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏...
မက္ကဆီကို စီးတီး၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) မက္ကဆီကို ဒုစရိုက်အဖွဲ့ အသုံးပြုနေသည့်လက်နက်အများစုသည် အမေရိကန်မှလာခြင်းဖြစ်ကြောင်း ၊ ထိုလက်နက်များကြောင့် ဒုစရိုက်အဖွဲ့အစည်းများ၏ အန္တရာယ်က ပိုမို ဆိုးဝါးလာခြင်းဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။အမေရိကန်မှ တရားမဝင်ရောင်းချသည့် လက်နက်များကြောင့် မက္ကဆီကိုတွင် လူသတ်မှုများ များပြားလာရကြောင်း ဆိုသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်- တောင်ကိုရီးယား ပျံသန်းတိုက်ခိုက်မှုဆိုင်ရာ ပူးတွဲလေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ဆိုင်းငံ့ လိုက်ကြောင်း အမေရိကန်ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဉီး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း၌ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် လူနေအိမ် တစ်ခု ၌ သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ် သုံးဦး အပါအဝင် မိသားစုဝင်...
ဝါရှင်တန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော တူရကီနိုင်ငံသမ္မတ အာဒိုဂန်က ဆီးရီးယား၌ တိုက်ခိုက်နေမှုနှင့်ပတ်သက်၍ “ အရူးထခြင်းမလုပ်ရန်” တိုက်တွန်းထားသည့် ပြန်စာတစ်စောင်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ ပေးအပ်ခဲ့သည်ဟု နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဘရာဇီးလီယာ ၊နိုဝင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။