North America
SEC ဥက္ကဋ္ဌအဖြစ် ထရမ့်က ရွေးချယ်ထားသူအား အမေရိကန် လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ မေ ၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ငွေချေးသက်သေခံ လက်မှတ်များနှင့် လဲလှယ်ရေး ကော်မရှင် (SEC) ဥက္ကဋ္ဌအဖြစ် ဂျေကလေတန် (Jay Clayton) အမေရိကန် လွှတ်တော်က မေလ ၂ ရက်တွင် မဲခွဲ အတည်ပြုခဲ့ကြောင်း ငွေကြေးကဏ္ဍ စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
မဲရလဒ် ၆၁ – ၃၇ ဖြင့် ကလေတန်၏ အမည်စာရင်းကို လွှတ်တော်က ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
Sullivan & Cromwell ဥပဒေလုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူ ကလေတန်မှာ ကုမ္ပဏီများ ပေါင်းစည်းခြင်း၊ ရင်းနှီးငွေများ ရှာဖွေခြင်းနှင့် ဖက်ဒရယ် စည်းမျဉ်းလိုက်နာမှု စသည်တို့၌ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်သည်။
“ကော်မရှင်ရဲ့ လုပ်ဖော်ဆောင်ဖက်များနဲ့ ရင်းနှီးစွာ လုပ်ကိုင်ပြီး SEC ရဲ့ အရေးကြီးသော လုပ်ငန်းများတွင် အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ကလေတန်က ပြောကြားထားသည်။
၎င်း၏ အမည်စာရင်း တင်သွင်းမှုအား ကြားနာစဉ်အတွင်း ကနဦး ရှယ်ယာ ထုတ်ဝေ ရောင်းချမှုများ (IPOs) ကို တွန်းအားပေးရန် စည်းမျဉ်းများ ဖြေလျှော့ရေးအတွက် ဥပဒေပြုအမတ်များကို ကလေတန်က တွန်းအားပေး ပြောကြားခဲ့သည်။
SEC ဥက္ကဋ္ဌအဖြစ် ကလေတန်သည် ဘဏ်ကြီးများ စည်းကမ်းထိန်းသိမ်းရေးအတွက် တာဝန်ယူရမည် ဖြစ်ပြီး ငွေကြေး စည်းမျဉ်းစည်းကမ်း ထွက်ပေါ်လာရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အားထုတ်မှုတွင် ကဏ္ဍ တစ်ခုအဖြစ် လုပ်ကိုင်ရမည် ဖြစ်သည်။ (Xinhua)