Connect with us

North America

မိုက်ခရိုဆော့ဖ်က အသစ်ထုတ်လုပ်လိုက်သည့် Surface Laptop နှင့် Window 10 S အား မိတ်ဆက်ပြသ

မိုက်ခရိုဆော့ဖ်က အသစ်ထုတ်လုပ်လိုက်သည့် Surface Laptop အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ မေ ၃ ရက် (ဆင်ဟွာ)

မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းက အသစ်ထုတ်လုပ်လိုက်သည့် တစ်ကိုယ်ရည်သုံး ကွန်ပြူတာ (PC) မော်ဒယ်အသစ် တစ်မျိုး နှင့် ယခင် Windows ဗားရှင်း နှင့် အနည်းငယ်ကွာခြားသော Operating system အသစ်အား မေ ၂ ရက် က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

Surface Laptop ဟုအမည်ပေးထားသော တစ်ကိုယ်ရည်သုံး ကွန်ပြူတာ သည် မိုက်ခရိုဆော့ဖ် ၏ ဆက်လက်ကြိုးစားအားထုတ်မှုဖြစ်ပြီး ၎င်းအား အကြီးဆုံး ဆော့ဖ်ဝဲလ် (software) ထုတ်လုပ်သူအဖြစ် တစ်ဖန် ဂုဏ်ယူလာစေကာ ဟက်ဒ်ဝဲလ် (hardware) နှင့် ဆော့ဖ်ဝဲလ် (software) နှစ်မျိုးစလုံးဖြင့် ဈေးကွက်အတွင်းသို့ မိတ်ဆက် ဝင်ရောက်ရန်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ် ရက်ဒ်မွန်းမြို့တွင် တည်ရှိသည့် မိုက်ခရိုဆော့ဖ် ရုံးချုပ် က နယူးယောက်မြို့တွင် ပြုလုပ်သော ပွဲတစ်ခု၌ ကွန်ပြူတာအသစ် သည် ပိုမို ပါးလွှာ၊ပေါ့ပါး၊ မြန်ဆန်ပြီး ပိုမိုကောင်းမွန်သည့် ဘက်ထရီသက်တမ်း၊ မျက်နှာပြင် ရုပ်ထွက်အရည်အသွေး၊ သိုလှောင်နိုင်မှုစွမ်းရည် တို့ကို အသုံးပြုထားကာ သယ်ဆောင်ရလွယ်ကူကြောင်း နှင့် မေ ၂ ရက်မှ စ၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

Surface Laptop သည် ၁၄.၄၇မီလီမီတာသာထူ၍ အလွန်ပါးလွှာပြီး ၂.၇၆ပေါင် (သို့) ၁.၂၅ကီလိုဂရမ် အလေးချိန်ရှိပြီး မျက်နှာပြင်အကျယ်အနေဖြင့် ၁၃.၅လက်မရှိကာ Intel Corporation မှ နောက်ဆုံးပေါ် central processing unit (CPU) ကို အသုံးပြုထားကြောင်း သိရသည်။

ကောလိပ်ကျောင်းသားများ၏ မေးမြန်းတောင်းဆိုမှုများအတိုင်း ယင်းသို့ ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ် ကပြောကြားခဲ့သည်။

Operating system အသစ်ဖြစ်သော Windows 10 S သည် Window 10 Pro အား အဆင့်မြှင့်တင် ရေးဆွဲထားခြင်းဖြစ်ပြီး ၎င်း၏ လုံခြုံရေးစနစ် နှင့် လုပ်ဆောင်ချက်များသည် သုံးစွဲသူများနှင့် ရင်းနှီးပြီးသား ပုံစံ များဖြစ်ကြောင်း သိရသည်။ သို့သော် မိုက်ခရိုဆော့ဖ် က Windows ဗားရှင်းအသစ်တွင် အွန်လိုင်း Windows Store မှ အပလီကေးရှင်းများကို သီးသန့် အသုံးပြုသွားနိုင်မည်ဖြစ်ပြီး Microsoft Edge အား ပုံသေ web browser အဖြစ်အသုံးပြုထားကြောင်း သိရသည်။

ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများက Windows အသစ်သည် စာသင်ကျောင်းများအတွက် အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့ပြီး ကုမ္ပဏီကလည်း Windows 10 S သည် Windows Store ပေါ်မှာ လိုအပ်သည့် အပလီကေးရှင်းများကို ရယူလိုသူများအတွက် အကောင်းဆုံး Windows ပုံစံဖြစ်ပြီး အခြားနေရာများ မှ အပလီကေးရှင်းများအား ဒေါင်းလုပ်ဒ်ရယူရာမှ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရှောင်ရှားနိုင်အောင် စီစဉ်ထားပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.