North America
မြောက်အမေရိကတိုက်၏ ဘတ်စကတ်ဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် Toronto Raptors ဘတ်စကတ်ဘောအသင်း အောင်ပွဲခံသည့်အချိန် တွင် လေးဦးသေနတ်ပစ်ခံရ၊နှစ်ဦးဖမ်းဆီးခြင်းခံရ

ဝါရှင်တန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
Toronto Raptors ဘတ်စကတ်ဘောအသင်း၏မြောက်အမေရိကတိုက် ဘတ်စကတ်ဘောချန်ပီယံရှစ်ပြိုင်ပွဲ (NBA) တွင် ပထမဆုံးအကြိမ် တံခွန်စိုက်ဆုရသည့် အောင်ပွဲအခမ်းအနား အား ဇွန် ၁၇ ရက် တွင် လူစုလူဝေး နှင့် ကျင်းပချိန် ၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူလေးဦး သေနတ်ပစ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောသည်။
လူပေါင်း သောင်းနှင့်ချီကာရှိနေသည့် မြို့တော်ခန်းမရင်ပြင် အတွင်း Raptors ဘတ်စကတ်ဘောအဖွဲ့ ၏ ပရိသတ်များစွာမှာ သေနတ်ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ကြရသည်။ဇွန် ၁၇ ရက် အစောပိုင်းတွင် ပရိသတ်တစ်သန်းကျော်ခန့် အောင်ပွဲခံရန်အတွက် ကနေဒါနိုင်ငံ တိုရွန်တွန်မြို့ မြို့လည်ခေါင်တွင် စုရုံးလာမှုက လုံခြုံရေးဆိုင်ရာအတွက် စိုးရိမ်ဖွယ် အခြေအနေများကို ဖြစ်စေခဲ့သည်။
သေနတ်ပစ်ခတ်မှုနှင့်ဆက်စပ်နေသော သေနတ် ၂ လက်အားတွေ့ရှိခဲ့ကြောင်း Toronto ရဲချုပ် Mark Saunders ကပြောသည်။ (Xinhua)