North America
အမေရိကန် အရာရှိ သုံးဦး နီကာရာဂွား နိုင်ငံမှ ပြည်နှင်ခံရကြောင်း US အတည်ပြု
ဝါရှင်တန် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
နီကာရာဂွား နိုင်ငံသည် အမေရိကန်အရာရှိ သုံးဦးအား ပြည်နှင်ဒဏ် ပေးလိုက်သည်မှာ မှန်ကန်ကြောင်း အမေရိကန် အစိုးရက ဇွန်လ ၁၇ ရက်တွင် အတည်ပြု ပြောကြားပြီး ယင်းလုပ်ရပ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေကြောင်း သတိပေး ပြောကြားလိုက်သည်။
“ ဇွန်လ ၁၄ ရက်က ပြည်နှင်ဒဏ် ပေးခဲ့တာပါ” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် John Kirby က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ အရာရှိ သုံးဦးစလုံးသည် မကြာသေးမီကမှ နီကာရာဂွား နိုင်ငံသို့ယာယီ တာဝန်ဖြင့် ရောက်ရှိနေကြသူများ ဖြစ်သည်။ သို့သော် Kirby သည် ဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
“နီကာရာဂွား အစိုးရရဲ့ အပြုသဘော မဆောင်တဲ့ ၊ အပေါင်းလက္ခဏာ မဆောင်တဲ့ လုပ်ဆောင်ချက် တွေဟာ မလိုလားအပ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီ ထုတ်ပြန်ချက်ကြောင့် အမေရိကန်- နီကာရာဂွား နှစ်နိုင်ငံ ဆက်ဆံရေး နဲ့ကုန်သွယ်ရေးကို ထိခိုက်စေတဲ့ အကျိုး သက်ရောက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု သတိပေး ပြောကြားသည်။
အမေရိကန် အရာရှိ နှစ်ဦးအား ပြည်နှင်ဒဏ် ပေးလိုက်ခြင်းမှာ ကံအကြောင်းမလှသော ဖြစ်စဉ် တစ်ခုသာ ဖြစ်ကြောင်း နီကာရာဂွား နိုင်ငံဖက်က ဆိုသည်။ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် နှင့် နီကာရာဂွား နှစ်နိုင်ငံစလုံးက ရှင်းရှင်းလင်းလင်း ချက်ခြင်း ထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိကြောင်း သိရသည်။ (Xinhua)