Connect with us

North America

ဟူစတန် လေဆိပ်တွင် လေယာဉ်တစ်စီး ဗုံးလန့်မှု ဖြစ်ပွားခဲ့၍ ခရီးစဉ် ရပ်တန့် စစ်ဆေးခဲ့ရ

JetBlue ခရီးသည်တင် လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ရှိ ဟော်ဘီ လေဆိပ်တွင် ဇွန်လ ၁၅ ရက် က JetBlue ခရီးသည်တင် လေယာဉ် တစ်စီးအား ဗုံးခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ရာ စုံစမ်းစစ်ဆေးရေး အရာရှိများက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း ရုပ်သံဋ္ဌာန ABC 13 ၏ ထုတ်လွှင့်မှု အရ JetBlue လေယာဉ် နံပါတ် 282 အား ဗုံးခြိမ်းခြောက်သည့် ဖုန်းခေါ်ဆိုမှု ကို ဇွန်လ ၁၅ ရက် ဒေသစံတော်ချိန် ၁၂း၄၀ နာရီခန့် တွင် ရရှိခဲ့ပြီး အဆိုပါ လေယာဉ်သည် ဟူစတန်မြို့ ရှိ ဟော်ဘီ လေဆိပ်မှ နယူးယောက်မြို့ ရှိ John F.Kennedy လေဆိပ်သို့ ဦးတည်ပျံသန်းမည့် လေယာဉ် ဖြစ်ကြောင်း သိရသည်။
လေယာဉ်မှ ခရီးသည်များနှင့် ခရီးဆောင်အိတ်များ အားပြန်လည် စစ်ဆေးရန် ဖယ်ရှားခဲ့ပြီး ရဲတပ်ဖွဲ့သည် ဗုံးအနံ့ခံ ခွေးများအား လုံခြုံရေး စစ်ဆေးရန် လေယာဉ်သို့ ခေါ်ဆောင်လာကြောင်း သိရသည်။
JetBlue သည် စရိတ်နည်း အမေရိကန် လေကြောင်းလိုင်း တစ်ခု ဖြစ်ပြီး အမေရိကန် နိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံး လေကြောင်းလိုင်း ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်း၏ ထုတ်ပြန်ချက် တွင် ဗုံးခြိမ်းခြောက်မှု အား အတည်ပြုခဲ့ပြီး လုံခြုံရေးအရ လေယာဉ်အား လေဆိပ်သို့ ပြန်လှည့် လာစေခဲ့ပြီး ခရီးသည် နှင့် အိတ်များအား ပြန်လည် စစ်ဆေးကာ လေယာဉ်အား ရှာဖွေ ရှင်းလင်းခဲ့ကြောင်း နှင့် မကြာခင် လေယာဉ် ပြန်လည် ထွက်ခွာရန် စီစဉ်ခဲ့ကြောင်း ပါရှိသည်။
JetBlue လေယာဉ် ဗုံးခြိမ်းခြောက်မှုသည် တက္ကဆက် ပြည်နယ်တွင် ဇွန်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗုံးခြိမ်းခြောက်မှု ၂ ခု အနက် တစ်ခုဖြစ်ပြီး တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်း ရှိ Exxon Mobil စွမ်းအင် ကုမ္ပဏီကြီး၏ ရေနံ သန့်စက်ရုံတွင်လည်း နေ့လည် ၁၁ နာရီက ဗုံးခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ကြောင်း သိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.