Connect with us

North America

အမေရိကန် နိုင်ငံ အစိုးရ ၏ WHO အပေါ် ပြစ်တင်ဝေဖန်မှုများ သည် အဓိပ္ပါယ်မဲ့ပြီး မတရားသော ဆောင်ရွက်မှု ဖြစ်ကြောင်း အမေရိကန် နာမည်ကျော် မီဒီယာ ရေးသားဖော်ပြ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နာမည်ကျော် သတင်းမီဒီယာ တစ်ခု ဖြစ်သည့် Washington Post ၏ ဧပြီ ၂၀ ရက် ၌ ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ် တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က COVID-19 ရောဂါ အခက်အခဲ နှင့် ပတ်သက်၍ WHO အပေါ် ပြစ်တင်ဝေဖန်မှုများ သည် အဓိပ္ပါယ်မဲ့ပြီး မတရားသော ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ သက်သေအထောက်အထားများ အရ အမေရိကန် နိုင်ငံ နှင့် WHO တို့သည်  ဇန်နဝါရီလ မှ စတင်၍ အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိခဲ့သဖြင့် အမေရိကန် နိုင်ငံ အနေဖြင့် ကပ်ရောဂါ နှင့် ပတ်သက်၍ သတင်းအချက်အလက် အားလုံး ရရှိပြီးဖြစ်ကြောင်း ၊ ဒေါ်နယ်ထရမ့် ၏ ပြစ်တင်ဝေဖန် နေမှု က ၎င်း ၏ ပြည်တွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အား အချိန်မီဆောင်ရွက်မှု မရှိခြင်း ကိုသာ ပေါ်လွင်စေမည် ဖြစ်ကြောင်း ရေးသား ဖော်ပြ ခဲ့သည်။

ဆောင်းပါ တွင် အမည်မဖော်လိုသူ တစ်ဦး ၏ ပြောကြားချက်အရ ဒေါ်နယ်ထရမ့် က WHO နှင့် တရုတ် နိုင်ငံ တို့က ဇန်နဝါရီလ တွင် COVID-19 ရောဂါ နှင့် ပတ်သက်သည့် အန္တရာယ် ကို ဖုံးကွယ် ခဲ့ကြောင်း ပြစ်တင်ဝေဖန် ခဲ့သော်လည်း လက်တွေ့တွင် တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံရုံး တာဝန်ရှိသူများ က ဇန်နဝါရီလ တွင် တရုတ် နိုင်ငံ အခြေစိုက် WHO တာဝန်ရှိသူများ နှင့် အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိပြီး တစ်လအတွင်း အနည်းဆုံး ၁၀ ကြိမ် အထက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

ထို့ပြင် ဆောင်ပါးတွင် အမေရိကန် အစိုးရ အရာရှိများအနေဖြင့် ဖေဖော်ဝါရီ နှင့် မတ်လ တွင် တရုတ် နိုင်ငံ အခြေစိုက် WHO တာဝန်ရှိသူ ၊ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ၊ WHO အရေးပေါ် ကျန်းမာရေး စီမံကိန်း ဌာနမှူး နှင့် တရုတ် နိုင်ငံ တို့ သွားရောက် လေ့လာခဲ့သည့် WHO ပညာရှင် တို့ နှင့် အနီးကပ် ဆက်သွယ်မှု ရှိခဲ့ကြောင်း ၊ ဂျီနီဗာ ရှိ WHO ရုံးချုပ် သို့ အမေရိကန် နိုင်ငံ မှ စေလွှတ်ခဲ့သည့် အရာရှိ အနေဖြင့်လည်း ကပ်ရောဂါ အခြေအနေ နှင့် အနီးကပ် စောင့်ကြည့်မှု ရှိခဲ့ပြီး အချိန်နှင့် တပြေးညီ ဒေါ်နယ်ထရမ့် အစိုးရ ထံ နောက်ဆုံး သတင်းအချက်အလက် ကို ပေးပို့ ခဲ့ကြောင်း ၊ ထို့ကြောင့် အမေရိကန် နိုင်ငံ အစိုးရ အရာရှိများ အနေဖြင့် ကာလတစ်လျှောက် WHO နှင့် ကပ်ရောဂါ နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုရှိနေခဲ့ကြောင်း ကို သက်သေပြနိုင်ပြီး ဒေါ်နယ်ထရမ့် က ပြည်တွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု အားနည်းသောကြောင့် WHO အပေါ် အပြစ်ပုံချရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အစိုးရ အရာရှိ တို့က ကာလတစ်လျှောက် WHO နှင့် ထိတွေ့ဆက်ဆံမှုရှိနေသဖြင့် ဒေါ်နယ်ထရမ့် ၏ WHO က ကပ်ရောဂါ ပျံ့နှံ့မှု အခြေအနေ အား ဖုံးကွယ်ထားခြင်း နှင့် ကပ်ရောဂါ နှင့် ပတ်သက်သည့် သတင်းအချက်အလက် များအား  ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှုမရှိခြင်း စသည့် ဝေဖန်မှုများ သည် အဓိပ္ပါယ်မဲ့ပြီး မတရားသော ဆောင်ရွက်မှု ဖြစ်ကြောင်း ရေးသားဖေါ်ပြခဲ့သည်။  (Xinhua)

  

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.