Connect with us

North America

အမေရိကန် နိုင်ငံ မစ္စစ္စပီပြည်နယ်၌ လေဆင်နှာမောင်း တိုက်ခတ် ၊ လူ ၆ ဦးထက်မနည်း သေဆုံး

ထိခိုက်ပျက်စီးမှု မြင်ကွင်း တစ်ချို့အား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက် )

ဝါရှင်တန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၊ မစ္စစ္စပီ ပြည်နယ်၌ ဧပြီ ၁၂ ရက်တွင် ပြင်းထန်သော လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ 

သေဆုံးမှုများသည် Walthall ၊ Lawrence နှင့် Jefferson Davis  မြို့များ၌ ဖြစ်ပွားခဲ့ကြောင်း မစ္စစ္စပီ အရေးပေါ်စီမံခန့်ခွဲမှုဌာနက တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ အဆိုပါ မြို့ ၃ ခုစလုံးသည် လူဝီစီးယားနားပြည်နယ်အနီးရှိ မစ္စစ္စပီ ပြည်နယ်၏ မြို့တော် Jackson မြို့၏ တောင်ပိုင်း၌ တည်ရှိကြောင်း သိရသည်။ 

လေဆင်နှာမောင်းကြောင့် နေအိမ်များပျက်စီးခြင်း ၊ သစ်ပင်များ လဲပြိုခြင်း နှင့် ဒေသခံများအတွက် လျှပ်စစ်မီးပြတ်တောက်ခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရအရာရှိများ၏ ပြောကြားချက်အရသိရသည်။မစ္စစ္စပီ ပြည်နယ် အုပ်ချုပ်ရေးမှူး Tate Reeves က လေဆင်နှာမောင်း နှင့် မုန်တိုင်းများ တိုက်ခတ်မှုကြောင့် ပြည်နယ် အရေးပေါ် အခြေအနေ တစ်ရပ်အား ဧပြီ ၁၂ ရက် ညပိုင်းတွင် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.