နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ခရီးသွား လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာချိန်တွင် မိမိတို့ ဟိုတယ် လုပ်ငန်းများကို COVID Safe Service ဖြစ်စေရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် သွားနိုင်ရန် တိုက်တွန်းလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ယနေ့ ကျင်းပသော နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရုံး အဆောက်အအုံ ပန္နက်တင်ပွဲအခမ်းအနား၌ပြောကြားခဲ့သည်။

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း၏ အရှေ့ပိုင်းတွင် တည်ဆောက်လျက်ရှိသော Universal ပေကျင်းအပန်းဖြေဥယျာဉ် ၏ အဓိက အဆောက်အဦတစ်လုံးကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။ အဆိုပါ အပန်းဖြေဥယျာဉ် တွင် ယူနီဗာဆယ် ပေကျင်းဥယျာဉ်၊ ယူနီဗာဆယ် CityWalk နှင့်အတူ ဟိုတယ်နှစ်လုံးပါဝင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နွေဦးတွင် စမ်းသပ်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
၎င်းဥယျာဉ်တွင် ပန်းခြံ အမျိုးအစားပေါင်း ၇ မျိုးအထိ ပါဝင်မည်ဖြစ်ပြီး အချို့မှာ ကမ္ဘာပေါ်တွင် ပထမဆုံး ဖျော်ဖြေတင်ဆက်မှု ပန်းခြံများလည်းပါဝင်လာမည်ဟုသိရသည်။ (Xinhua)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၆၆ ဦးတွေ့ရှိခဲ့ပြီးဆေးရုံဆင်းခွင့်ရရှိသူ ၁,၃၆၆ ဦးနှင့် သေဆုံးလူနာ ၂၅ ဦးအသီးသီးရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ညပိုင်းထုတ်ပြန်မှုအရသိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

COVID-19 ရောဂါထိန်းချုပ်ရေးတွင် ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းများ ပိုမို ပါနိုင်ရန် အစီအစဉ်များ လုပ်နေကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို နိုဝင်ဘာ ၃၀ ရက် မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၄၀၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၄၂၆ ဦး တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၉၈၆) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၄၄,၇၇၄) ဦးရှိလာကြောင်းနှင့် လူနာ(၂၉)ဦးထပ်မံသေဆုံးခဲ့သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၀၉၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၅ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ဝါရှင်တန်၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၈၂,၉၂၉ ဦး ရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလအတွင်း ထပ်တိုးလူနာသစ်ဦးရေး အများဆုံး စံချိန်ဖြစ်ခဲ့ပြီး အသစ်ထပ်တိုးသေဆုံးသူ ၉၄၆ ဦး ရှိကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ အောက်တိုဘာ ၂၄ ရက် ကိန်းဂဏန်းများအရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့ သွားရောက် ဝယ်ယူခြင်းမပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက်တွင်းတွင် ဝယ်ယူရရှိနိုင်စေရေးတို့ကို ရည်ရွယ်၍ သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ထံမှ သိရသည်။

ဝါရှင်တန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်၏ (chief of staff) ရုံးအဖွဲ့မှူးဖြစ်သူ Marc Short အား အောက်တိုဘာ ၂၄ ရက်က COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း သိရသည်။