ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၇၂၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗီယက်နမ်နိုင်ငံတွင် ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်မှ ပြန်လာသည့် ဗီယက်နမ်နိုင်ငံသား ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လန်ဒန်၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ (၅၇,၇၂၅)ဦးရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက် အများဆုံးအဖြစ် ထပ်မံစံချိန်တင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ(၂,၅၉၉,၇၈၉)ဦး ရှိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ကွမ်ကျိုး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ ပြည်ပမှ ပြန်လာသူတစ်ဦးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာက ယနေ့ ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။

နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြီးခဲ့သည့်ရက်များက ပေကျင်းမြို့ ချောင်ယန်ခရိုင်တွင် အဓိကလူအုပ်စုများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းများ စနစ်တကျ စတင်လုပ်ဆောင်ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှု ယာယီစင်တာတစ်ခုနှင့် ရပ်ရွာကာကွယ်ဆေးထိုးနှံမှု စင်တာ(၄၂)ခု “1+42” နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ ပထမအသုတ် အဓိက လူအုပ်စု (၉)ခု၏ လူပေါင်း (၂)သိန်း ကာကွယ်ထိုးနှံမှုများ ပြီးစီတော့မည်ဖြစ်သည်။

ဟူစတန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ ဟူစတန်မြို့ကျန်းမာရေးဌာနက ဇန်နဝါရီ ၂ ရက်တွင် မြို့တော်၏ ပထမဆုံး အများပြည်သူကာကွယ်ဆေးထိုးနှံမှု နေရာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၉၇၂ ခုအားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် ၅၇၄ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ၃ ဒဿမ ၆ ရာခိုင်နှုန်းရှိကြောင်းနှင့် သေဆုံးလူနာ ၁၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၄၁၂ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ စံချိန်သစ်တင် ကျဆင်းခဲ့ကြောင်း၊ COVID-19 ဒုတိယလှိုင်းနှင့်ပတ်သက်၍ အကောင်းဘက်သို့ ဦးတည်နေကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။