မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် သိသိသာသာ ကျဆင်းနေသော်လည်း စိတ်ချရပြီဟု တွေးဆရန်မသင့်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၃ ရက်၌ သတိပေးပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့သည် တရုတ်နိုင်ငံ ဝူဟန့်မြို့သို့ ဇန်နဝါရီ ၁၄ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အန်ကာရာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး Fahrettin Koca သည် ဇန်နဝါရီ ၁၃ ရက်က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ရာ အဆိုပါ ကာကွယ်ဆေးထိုးနှံနေပုံကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။ ၎င်းနှင့်အတူ တူရကီ ကိုဗစ်ကပ်ရောဂါတုံ့ပြန်ရေး သိပ္ပံကော်မတီမှ အဖွဲ့ဝင်များလည်း ကာကွယ်ဆေးအတူထိုးနှံမှု ခံယူခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ နှစ်ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာရှိကြောင်း ယနေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်သည့် Pharmaniagaသည် ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ Sinovacကုမ္ပဏီနှင့်အတူ COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Sinovac ကုမ္ပဏီမှ မလေးရှားကို COVID-19 ကာကွယ်ဆေး တစ်ဝက်ကုန်ချော(Semi-finished products) (၁၄)သန်းပေးမည်ဖြစ်ပြီး ကာကွယ်ဆေးနောက်ဆုံးကုန်ချောကို Pharmaniagaကုမ္ပဏီနှင့်အတူ မလေးရှားတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ် ဖြစ်သည့် ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများအား ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဇန်နဝါရီ ၁၂ ရက်တွင် ၃ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ပြီး လူနာသစ် ၅၅၁ ဦး တွေရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ၊ ပြည်တွင်းမှ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် လေကြောင်းလိုင်းများသို့လည်းကောင်း ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ အသိပေးကြေညာခဲ့သည်။

ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အာမတ်ရှန်က ခွင့်ပြုပေးခဲ့ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်မူယီဒင်ယာဆင်(Muhyiddin Yassin)က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံသည် COVID-19 ဗိုင်းရပ်စ် မူလဇစ်မြစ်နှင့် ကူးပြောင်းရာလမ်းကြောင်းကို ကမ္ဘာ့သိပ္ပံနည်းကျ သုတေသနပြုရန် နိုင်ငံအားလုံးမှ သိပ္ပံပညာရှင်များကို ပံ့ပိုးသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်မှုအောက်ရှိ ဗိုင်းရပ်စ်၏ တိရစ္ဆာန်ဇစ်မြစ်အပေါ် ရှာဖွေခြင်းပူးပေါင်းဆောင်ရွက်မှု၌ အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။