ရောမ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီတလီနိုင်ငံ ANSA နှင့် la Repubblica စသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အီတလီနိုင်ငံ မီလန်တက္ကသိုလ် မှ ဦးဆောင်သော နိုင်ငံတကာ သုတေသန အဖွဲ့ က နိုင်ငံအတွင်းရှိ အရေပြားရောဂါ ဝေဒနာရှင် အမျိုးသမီး တစ်ဦး၏ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ထုတ်ယူထားသော ဓာတ်ခွဲစမ်းသပ်မှုနမူနာတွင် COVID-19 ရောဂါ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ပြီး ယင်းရှာဖွေတွေ့ရှိမှုကြောင့် အီတလီ နိုင်ငံ ၏ ပထမဦးဆုံး COVID-19 ရောဂါ စတင်ကူးစက်ခံရမှု ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ဖူကျန့်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် longyan မြို့Changting ကောင်တီတွင် နေထိုင်သည့် Li Shishui အမည်ရသော လက်မှုပညာရှင် တစ်ဦးသည် မြေးဖြစ်သူအား ကစားစရာများကို သစ်သားတစ်မျိုးထဲအသုံးပြု ကာ ဖန်တီးပြုလုပ်ပေးခဲ့သည်။

ဖိုးဖိုးလီ၏ လက်မှုပညာဖြင့်ပြုလုပ်ထားသည့်အရုပ်များအား ဆိုရှယ်မီဒီယာတွင် တင်ခဲ့ရာမှ လူကြိုက်များလာခဲ့သည်။၁၉၆၉ ခုနှစ်ကတည်းက လက်သမားဆရာအဖြစ်အသက်မွေးခဲ့သည့် ဖိုးဖိုးလီ၏ အရုပ်များတွင် ကော်များ၊ သံများ နှင့် ဝက်အူလှည့်များလုံးဝ မပါဘဲ သစ်သားသီးသန့်ဖြင့်သာ ဖန်တီးထားကြောင်း သိရသည်။

Li Shishui က “ ကပ်ရောဂါကြောင့် ကျွန်တော်တို့အပြင်လည်းမသွားရဘူးလေ၊ အိမ်မှာပဲနေရတာလည်းငြီးငွေ့တာနဲ့ မြေးလေးဖို့ ကစားစရာလေးတွေ လုပ်ပေးဦးမှပဲဆိုပြီးစလုပ်ဖြစ်တာပါ၊ ဒါကို လူတွေအများကြီးကြိုက်ကြလိမ့်မယ်လို့တောင် မထင်ထားမိခဲ့ပါဘူး” ဟုဆိုသည်။  

သားဖြစ်သူ Li Yuejin က “အဖေက ဘာရယ်ညာရယ်မဟုတ်ဘူး အပျော်သဘောပဲ လမ်းလျှောက်တဲ့ငှက်ကလေးကို သစ်သားနဲ့ လုပ်ပေးတယ်လေ၊ ဒါပေမဲ့ အဲဒါက အွန်လိုင်းမှာ တင်လိုက်တာနဲ့ လူကြိုက်များသွားတယ်၊ ဒါနဲ့ အဖေလည်း  နောက်ထပ် အရုပ်တွေအများကြီး လုပ်ဖြစ်ပြီးတော့ ဗီဒီယိုတွေကို Tik Tok မှာတင်တယ်လေ” ဟုဆိုသည်။  

လီ ၏ လက်မှုပညာကိုရိုက်ကူးထားသည့် ဗီဒီယိုများအား အွန်လိုင်းတင်ခဲ့ရာ နှစ်သက်စွာကြည့်ရှုသူ ၂သန်းကျော်ရှိခဲ့သည်။လီ၏ သားဖြစ်သူမှာ အွန်လိုင်းဆိုင်တစ်ခု ဖွင့်ကာ ဖခင်၏‌ခြေရာနင်းနိုင်ရန် သစ်သားဖြင့်ဖန်တီးထားသည့် လက်မှုပညာများကိုလေ့လာလျက်ရှိကြောင်း သိရသည်။လီတို့သားအဖသည် တရုတ်ရိုးရာလက်မှုပညာကို တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားလာစေရန် မျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ၂၄ နာရီအတွင်း လူနာသစ် ၅၈၂ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၂ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံတွင် ဗြိတိန်၊ တောင်အာဖရိကနှင့် အပြည့်အဝ တူညီမှုမရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ၁၁ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော်ရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ကောင်းကျန်းက ယနေ့တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ် လေ့လာမှုဆိုင်ရာ နိုင်ငံတကာ သုတေသန ပညာရှင်အဖွဲ့ သည် ဇန်နဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ဝဘ်ဆိုက်၏ ယနေ့(ဇန်နဝါရီ ၁၁ ရက်)ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 အတည်ပြုလူနာသစ် ၅၅၅ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၀ဦးရှိကာ ၊ ယနေ့ ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး၏ အရေးကြီးမှုနှင့်အရေးတကြီးလိုအပ်မှုအသိကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ဘက်စုံ အရေးပေါ်အခြေအနေတွင် အသင့်ပြင်ကာ ဟဲပေ ကပ်ရောဂါ ထိန်ချုပ်ရေးလုပ်ငန်းများကို မောင်းတင်ဆောင်ရွက်ပြီး ရောဂါပြန့်ပွားမှုကို ဖြတ်တောက်ရန် အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေက ဇန်နဝါရီ ၈ ရက် ဟဲပေ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဗွီဒီယိုအစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။

နယူးယောက်၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၂၂ သန်း နှင့် သေဆုံးသူပေါင်း ၃၇၀, ၀၀၀ ကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဆေးဝန်ထမ်း (၂၀) ဦးပါဝင်သည့် မော်တော်ယာဉ်နှင့် ဆေးဝါးကုသရေးအထောက်အပံ့ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ကုန်တင်ယာဉ် နှစ်စီးသည် ဇန်နဝါရီ ၉ ရက် ညနေ ၂ နာရီ ၃၀ မိနစ်တွင် ပေကျင်း ထျန်းထန်ဆေးရုံမှ ဟဲပေပြည်နယ် နန်ကုန်းမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။ ၎င်းမှာ ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၊ ပေကျင်းမြို့ ဆေးရုံအာဏာပိုင်အဖွဲ့က ရွေးချယ်စေလွှတ်ပြီး ပေကျင်း ထျန်းထန်ဆေးရုံ၏ ဆေးဝန်ထမ်း(၂၀)ဦးဖြင့် ဖွဲ့စည်းထားသော ပထမဆုံး ဟဲပေသို့ ကူညီအားဖြည့်ပေးရန် သွားရောက်သည့် Nucleic acid ဆေးစစ်အဖွဲ့ဖြစ်ကြောင်း သိရသည်။