စိန့်ပီတာစဘာ့ခ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်ဝမ်နှင့်ဆက်နွှယ်ပြီး မကြာသေးမီကပြုလုပ်ခဲ့သော ဂျပန်နိုင်ငံ၏ ပုံမှန်မဟုတ်သည့်မှတ်ချက်စကားများနှင့် စစ်ရေးလှုပ်ရှားမှုများမှာ ဒေသတွင်းတင်းမာမှုကို မြင့်တက်လာစေခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌန်းထားသော စစ်ဆန့်ကျင်ရေးဝါဒဆိုင်ရာစည်းမျဉ်းများကို ပြန်လည်လိုက်နာကျင့်သုံးသင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ဒီဇင်ဘာ ၄ ရက်၌ ပြောကြားလိုက်သည်။ ထိုင်ဝမ်အရေးနှင့်...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယင်းမတိုင်မီတွင် “ထိုင်ဝမ်အရေးကိစ္စရှိခြင်း” သည် ဂျပန်နိုင်ငံ “သေရေးရှင်ရေးအကျပ်အတည်း အခြေအနေ” ဖြစ်ပေါ်စေနိုင်ကြောင်း ပြောင်ပြောင်တင်းတင်း ကြေညာခဲ့ပြီး ယင်းကို မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့် ကျင့်သုံးခြင်းနှင့် ဆက်စပ်ပြောကြားခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတစ်ဝန်း၌ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများက သတ်မှတ်ထားသည့် ပျမ်းမျှ တုပ်ကွေးရောဂါ လူနာအရေအတွက်သည် ဆယ်နှစ်အတွင်းအမြန်ဆုံးနှုန်းဖြင့် သတိပေးချက်အဆင့်သို့ ရောက်ရှိလာကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အဆိုအရ သိရသည်။ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း အကြမ်းဖျင်းအားဖြင့် အဖွဲ့အစည်းပေါင်း...
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ၎င်းတို့၏ အဓိက အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်မည့်ရပ်တည်ချက်မှာ ပြောင်းလဲခြင်းမရှိသလို ဂျပန်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ မှားယွင်းသော မှတ်ချက်များကို ချက်ချင်း ရုပ်သိမ်းပေးရမည်ဖြစ်ကာ တရုတ်ပြည်သူများသို့ ရှင်းလင်းသော ဖြေရှင်းချက်ပေးရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန...
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ အကြီးအကျယ်မှားယွင်းပြီး ရန်လိုသော မှတ်ချက်စကားများ ထွက်ပေါ်လာပြီးနောက် ၎င်းအနေဖြင့် ဂျပန်နိုင်ငံအား ယင်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်ဝါဒီ အတိတ်သမိုင်းကို ပြန်လည်အသက်သွင်းမည့်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားမည်လောဟူ၍ နိုင်ငံတကာ၌ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ရမှု များကြောင့် တရုတ်နိုင်ငံသားများအား ဂျပန်နိုင်ငံသို့ ခရီးသွားလာခြင်းမှ ရှောင်ကြဉ်ကြရန် နိုဝင်ဘာ ၁၆ ရက်က အကြံပြုကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြားပညာသင်ကြားရေးသတိပေးချက်တစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်၌ ထုတ်ပြန်လိုက်ပြီး လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ရှိနေသည့် တရုတ်ကျောင်းသား ကျောင်းသူများ သို့မဟုတ် ဂျပန်နိုင်ငံ၌ မကြာမီသွားရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အန္တရာယ်ဖြစ်နိုင်ခြေများကို ဂရုတစိုက်အကဲဖြတ်ထားရန်၊ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကိုလုပ်ဆောင်ထားရန်၊ ၎င်းတို့၏လေ့လာမှုများကို...
တိုကျို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ရှိဂဲရုအီရှီဘာ အစိုးရအဖွဲ့ တစ်ရပ်လုံးသည် အောက်တိုဘာ ၂၁ ရက်တွင် နုတ်ထွက်ခဲ့ကြသည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ယာယီပါလီမန် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်း ရွေးကောက်ပြီးနောက် ရွေးချယ်ခံ ဝန်ကြီးချုပ်သစ်က အစိုးရအဖွဲ့အသစ်ကို ပြန်လည် ဖွဲ့စည်းထူထောင်မည်ဖြစ်သည်။ (Xinhua) …………………...
တိုကျို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိနှင့် တစ်ကျော့ပြန်ယှဉ်ပြိုင်ပြီးနောက် ဂျပန်နိုင်ငံ ၏ စီးပွားရေးလုံခြုံရေးဝန်ကြီးဟောင်း ဆာနဲအိတာကာအိချိအား လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ လွှတ်တော်တွင် LDP က...
ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်က အာရှနိုင်ငံများတွင် “Typhon” တာလတ် ဒုံးကျည်စနစ် ဖြန့်ကြက်ခြင်းကို အစဉ်အမြဲ အခိုင်အမာ ကန့်ကွက်ကြောင်း၊ အမေရိကန်နှင့် ဂျပန်တို့အနေဖြင့် အခြားနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အမှန်တကယ် လေးစားသင့်ပြီး Typhon တာလတ်ပစ် ဒုံးကျည်စနစ် ဝင်ရောက်ခြင်းမပြုရန်၊...