တိုကျို၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံ Kagawa စီရင်စုရှိ ကြက်မွေးမြူရေးခြံနောက်ထပ်တစ်ခုတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၈,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းလိုက်ရကြောင်း Kagawa စီရင်စုက နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်း ၂၀၁၉ ခုနှစ်ထက် ပို၍ များစွာကျဆင်းနိုင်သည်ဟု ခန့်မှန်းပြီး ၎င်းမှာ ငါးနှစ်ဆက်တိုက် စံချိန်တင် ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ကပ်ဘေးဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကျော်ကြာပြီဖြစ် သော်လည်း နျူကလီးယား ရေညစ်ညမ်းမှုအရေးကိစ္စကိုမဖြေရှင်းနိုင်သေးပေ။ ဂျပန်မီဒီယာများ၏သတင်းအရ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓါတ်အားပေးစက်ရုံရှိ သိုလှောင်ထိန်းသိမ်းထားသော နျူကလီးယားစွန့်ပစ်ရေဆိုးသည် ပြည့်လုနီးပါရှိပြီဖြစ်ရာ ဂျပန်နိုင်ငံအစိုးရက ပင်လယ်ထဲသို့ လွှတ်ထုတ်ရန် ယခုရက်ပိုင်းများတွင်...
တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် လာမည့်လတွင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုအတွက် ခရီးသွားကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စီစဉ်ထားကြောင်း ဒေသတွင်းမီဒီယာက အောက်တိုဘာ ၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အောက်တိုဘာ ၈ ရက်မှစ၍ ကုန်သွယ်စီးပွားဆိုင်ရာ ဝင်ထွက်သွားလာမှုများကိုပြန်လည်ဆောင်ရွက်ရန် ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံအကြား သဘောတူညီထားကြောင်း ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ကအောက်တိုဘာ ၆ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၄ ရက် ၂၂ နာရီအထိ တစ်ရက်အတွင်း လူနာသစ် ၄၀၁ ဦး နှင့် သေဆုံးသူ ၁ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၈၅,၈၅၁ ဦး နှင့် စုစုပေါင်းသေဆုံးသူ ၁,၆၀၀ဦး...
တိုကျို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်သစ် ယိုရှီဟီဒဲ ဆူဂါ (Yoshihide Suga) အား စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် လွှတ်တော်အထူးအစည်းအဝေး၌ ရှင်ဇိုအာဘေး၏ နေရာတွင် ဆက်ခံမည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။
တိုကျို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြင့် အနာဂတ်တွင် လူသေဆုံးမှုအရေအတွက်နှင့် ရောဂါလက္ခဏာပြင်းထန်သူများနှင့် ဆေးရုံတက်ရန် လိုအပ်မှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်စပ်လျဉ်းသည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေအရ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၈ ရက်) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။