ဘာလင်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အင်ဂျင်နီယာပညာနှင့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Bosch က COVID-19 ရောဂါရှိမရှိကို အပြည့်အဝ အလိုအလျောက်စစ်ဆေးပေးနိုင်ပြီး အချိန် ၃၉ မိနစ်အတွင်း “စိတ်ချရသော အဖြေ” ထုတ်ပေးနိုင်သည့် စစ်ဆေးမှုကို တီထွင်ခဲ့ကြောင်း ကုမ္ပဏီက စက်တင်ဘာ ၂၅ ရက်တွင်...
ဘာလင်၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ၌ ယခုရက်ပိုင်းများတွင် တစ်ရက်လျှင် အသစ်ထပ်မံကူးစက်ခံရသည့် ကိုဗစ် အတည်ပြုလူနာ အရေအတွက်သည် ၁,၀၀၀ ကျော်ထိ ရှိနေကြောင်း သိရသည်။
ဘာလင်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာချိန်တွင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးအတွက် “နံပါတ်တစ် ပို့ကုန်တင်ပို့ရာနိုင်ငံ” ဖြစ်လာကြောင်း ဂျာမန် စီးပွားရေးအဖွဲ့အစည်း (IW) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။
ဘာလင်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ အသားထုတ်စက်ရုံနောက်ထပ်နှစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွါးနေသည်ကို ထပ်မံတွေ့ရှိရကြောင်း ဂျာမနီ မီဒီယာများ၏ ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။
ဖရန့်ဖွတ်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် အစုလိုက်အပြုံလိုက် ရောဂါ ကူးစက်မှုအခြေအနေ တိုးမြင့်လျက်ရှိရာ ၎င်းစက်ရုံတည်ရှိသည့် Güterslohခရိုင်နှင့် အနီးရှိ Kreis Warendorfခရိုင်အား လော့ခ်ဒေါင်းပြုလုပ်ထားကြောင်း NRW ပြည်နယ်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဘာလင်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် Güterslohခရိုင်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် ယခုရက်ပိုင်းအများအတွင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘာလင်၊ မေ ၃ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးလက်တွဲပူးပေါင်းကာ COVID-19 ကာကွယ်ဆေး သုတေသနပြု ထုတ်လုပ်ကြရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဧပြီ ၂ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။
ဘာလင်၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံတွင် ဧပြီ ၄ ရက် ဒေသစံတော်ချိန် ၀၀:၀၀ နာရီအထိ နိုင်ငံအတွင်း COVID-19ရောဂါ အတည်ပြုလူနာ ၈၅,၇၇၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် မတ် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘာလင်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲသည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် မတ် ၂၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကိုယ်တိုင် တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန် စိုင်းဘတ် (Steffen Seibert) က မတ် ၂၂ ရက်တွင်...