ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အာဖရိကနိုင်ငံများ COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းတွင် အားပေးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေ၊ ကွန်ဂို(ကင်ရှာဆာ)၊အယ်လ်ဂျီးရီးယား နိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့လွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၇ ရက်(ဆင်ဟွာ) မိုက်ပွမ်ပီယို၏ ဗိုင်းရပ်စ်ဇစ်မြစ် သက်သေရှိပြီဆိုသည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က အာရုံလွှဲအပုတ်ချဇာတ်ညွှန်းသည် ဇာတ်သိမ်းအထိပေါ်လွှင်နေပြီ ဖြစ်ရာ ဇာတ်ညွှန်းအတိုင်း ဆက်၍သရုပ်ဆောင်နေခြင်းမှာ အဓိပ္ပါယ်ရှိမည်မဟုတ်ကြောင်း မေ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်သည် သိပံ္ပရေးရာဖြစ်ပြီး သိပံ္ပပညာရှင်များနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သုတေသနပြုအဖြေရှာရမည်ဖြစ်ရာ နိုင်ငံရေးအဖြစ်အသုံးမချသင့် ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ရန်သူမှာ ကပ်ရောဂါဖြစ်ပြီး တရုတ်နိုင်ငံမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိထားရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မေလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်း ပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင် (Ms. Hua Chunying) မှ...