တရုတ်နိုင်ငံအနေဖြင့် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာအား တစ်ဆင့်တိုး၍ မြှင့်တင်ရန် ဆန္ဒရှိကြောင်း တာ့ခ်မင်နစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ရာရှစ် မယ်ရီဒေ့ါနှင့် နိုဝင်ဘာ ၃၀ ရက်၌ တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZeT...
တရုတ်နိုင်ငံက သယ်ယူပို့ဆောင်ရေးဒုံးပျံသစ် တစ်စင်းအား နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်ရှိ ဟိုင်နန် စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ အာကာသထဲသို့ နိုဝင်ဘာ ၃၀ ရက် ညပိုင်းက လွှတ်တင်ခဲ့သည်။ Long March-12 သယ်ယူပို့ဆောင်ရေးဒုံးပျံသည် စမ်းသပ် ဂြိုဟ်တုနှစ်စင်းအား သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့ကာ ဒုံးပျံလွှတ်တင်ရေးမစ်ရှင် အလုံးစုံအောင်မြင်ကြောင်း ဟိုင်နန်ပြည်နယ်...
အားခဲ့စိုက် (ကန်းစု)၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဆီးနှင်းကျပြီးနောက် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျိုချွမ်မြို့ အားခဲ့စိုက် ကာဇက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းရှိ ခုမုထာကဲ (Kumtag) သဲကန္တာရ၏ လှိုင်းသဏ္ဌာန်သဲသောင်ပြင်များသည် နေဝင်ဆည်းဆာအောက်တွင် တောက်ပသော ရွှေရောင်အလွှာများကဲ့သို့ လင်းလက်နေရာ နေဝင်ဆည်းဆာနှင့် နှင်းဖြူဖြူတို့၏ တွဲဖက်မှုက ဆောင်းရာသီ သဲကန္တာရ၏...
ကယ်အယ်မု (ချင်းဟိုင်)၊ နိုဝင်ဘာလ ၃၀ ရက် (ဆင်ဟွာ) ဆောင်းရာသီအစောပိုင်းတွင် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ရှီးမွန်ဂိုလီးယားနှင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကယ်အယ်မုမြို့ရှိ ချာအော်ဟန့် ဆားကန်ရေပြင်နှင့် ကောင်းကင်အရောင်မှာ တသားတည်းဖြစ်ပြီး ရှုခင်းမှာ ပန်းချီကားသဖွယ် လှပနေသည်။ ချာအော်ဟန့် ဆားကန်သည် ချင်းဟိုင်ပြည်နယ် ချိုင်အာမု မြေနိမ့်ချိုင့်ဝှမ်းတွင် တည်ရှိပြီး...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝါဂွမ်းများသည် ကမ္ဘာ့အကောင်းဆုံးဝါဂွမ်းများအနက် တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ကိုက်ညီသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ကိုယ်တိုင် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အကူအညီပေးကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးနှင့် ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့်...
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က မဟာဗျူဟာမြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုအား ဂျပန်ပင်လယ်၌ ပြုလုပ်ခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၉ ကြိမ်မြောက်ဖြစ်သည့် အဆိုပါ ကင်းလှည့်မှုအား တပ်မတော်နှစ်ရပ်အကြား နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua) …………………….. (English Version)...
တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ကား (EVs) များအတွက် နှုန်းထားညှိနှိုင်းမှု အစီအစဉ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) အကြား ဆွေးနွေးညှိနှိုင်းမှုများက တိုးတက်မှုရရှိခဲ့ကာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
ထျန်းကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) Bozhong 26-6 ရေနံမြေအတွက် ရေပေါ်စခန်း တည်ဆောက်မှု ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) က နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။ ရေပေါ်စခန်းတည်ဆောက်မှုက စီမံကိန်း ဗဟိုပလက်ဖောင်း အဆင့် ၁ ၏...
တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံသို့ မည်သည့်ပုံစံ၊ မည်သည့်အကြောင်းပြချက်ဖြင့်မဆို သွားရောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZbO ……………………………………………………… (English Version) China opposes...