ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားဆေးဘက်ဆိုင်ရာအာမခံ စာရင်းတွင် ကင်ဆာတိုက်ဖျက်ရေးဆေးဝါး ၂၃၀ ကျော် ပါဝင်ပြီး အဆုတ်၊ ရင်သားနှင့် အစာအိမ်ကင်ဆာများအပါအဝင် အဖြစ်များသောကင်ဆာအမျိုးအစား ၂၀ ကျော် အကျုံးဝင်လျက်ရှိကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲရေးအဖွဲ့(NHSA) အဆိုအရ သိရသည်။ NHSA သည် အသစ်ထွက်ရှိသည့်...
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် ရုပ်ရှင်လက်မှတ်ရောင်းရငွေသည် ယမန်နှစ်တစ်နှစ်လုံးရောင်းရငွေ စုစုပေါင်းကိုကျော်လွန်ကာ အမျိုးသားနေ့ အားလပ်ရက်စတင်ချိန်တွင် ရုပ်ရှင်စျေးကွက်အတွက် အဓိကမှတ်တိုင်တစ်ခုဖြစ်လာခဲ့သည်။ လက်မှတ်ရောင်းချသည့် ပလက်ဖောင်း Maoyan ၏အဆိုအရ အောက်တိုဘာ ၁ ရက်နေ့လည်ပိုင်းအထိ တစ်နှစ်တာ စုစုပေါင်းဝင်ငွေသည် ကြိုတင်လက်မှတ်ရောင်းချမှုများအပါအဝင် ယွမ်...
တရုတ်နိုင်ငံရှိ ဆန်းကျန့်-ကျုံးဆန်း ပင်လယ်ဖြတ်ကျော်လမ်းကြောင်းပေါ်မှ ရင်သပ်ရှုမောဖွယ် နံနက်ခင်း နေထွက်ချိန်ကို time-lapse ဗီဒီယိုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ၂၄ ကီလိုမီတာ ရှည်လျားသည့် အဆိုပါ ပင်လယ်ဖြတ်ကျော် လမ်းကြောင်းမှာ ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့တို့ကို ချိတ်ဆက်ထားခြင်းဖြစ်ကာ တံတားနှစ်စင်း၊ လူလုပ်ကျွန်းနှစ်ကျွန်းနှင့် ပင်လယ်ရေအောက်ဥမင်တစ်ခုတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua) ………………………. (English...
ဆန်းကျန့်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လွန်ခဲ့သည့်တစ်နှစ်ကျော်က စတင်ပြေးဆွဲခဲ့သည့် တရုတ်နိုင်ငံ ဆန်းကျန့်မြို့နှင့် မက္ကဆီကိုမြို့တို့အကြား တိုက်ရိုက်ခရီးသည်တင်လေကြောင်းလိုင်းသည် ခရီးစဥ် ၃၄၈ ကြောင်း (အသွားအပြန်ခရီးအပါအဝင်) ပြေးဆွဲပြီးဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၁ ရက်အထိ အလည်အပတ်ခရီးသည်ခရီးစဉ် ၅၀,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံတောင်ပိုင်းလေကြောင်းလိုင်း ဆန်းကျန့်ဌာနခွဲ က...
နန်နင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ကုန်စည်ပမာဏ တစ်ဟုန်ထိုးမြင့်တက် လာရာတွင် ယခင်နှစ်အလားတူကာလထက် ၇၀.၃ ရာခိုင်နှုန်းမြင့်တက်ကာ ယခုနှစ် ပထမသုံးလပတ်တွင် ပေ၂၀ ကွန်တိန်နာစံအတိုင်းအတာယူနစ် (TEUs) ၁.၀၉ သန်း ရှိခဲ့ကြောင်းသိရသည်။
မာလေ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့၍ သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်ရန်အတွက် နယ်ပယ်အသီးသီး၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း မော်လ်ဒိုက်နိုင်ငံ သမ္မတ မိုဟာမက် မူအစ်ဇူက ပြောကြားခဲ့သည်။
နောက်ခ်ချော့တ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မော်ရီတေးနီးယားနိုင်ငံ၊ ထရာဇာဒေသတွင်တည်ရှိပြီး တရုတ်ကုမ္ပဏီတစ်ခုမှ တာဝန်ယူတည်ဆောက် ပေးခဲ့သည့် Beni Nadji ရေဆိုး အကြိုသန့်စင်စခန်းစတင်ဖွင့်လှစ်လည်ပတ်သည့်အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မော်ရီတေးနီးယားနိုင်ငံ သမ္မတ အူလက်ဂါဇူအာနီ၊ ဟိုက်ဒရောလစ် (ရေအားအတတ်ပညာ) နှင့်...
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန(CNSA) က အာကာသအတွင်း စူးစမ်းလေ့လာရေး ခရီးစဉ်အဖြစ်လွှတ်တင်ခဲ့သော ထျန်းဝန့်-၂ အာကာသယာဉ်မှ ထူးခြားသောပုံရိပ်အဖြစ်ရိုက်ကူးခဲ့သည့် ကမ္ဘာမြေနှင့်ဆဲလ်ဖီဓာတ်ပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်၌ ထုတ်ပြန်ပြသလိုက်သည်။ အသစ်ထုတ်ဖော်ပြသလိုက်သည့် ဓါတ်ပုံမှာ စက်ရုပ်လက်တံမှ စောင့်ကြည့်ကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်း...
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏တိုးတက်ဖွံဖြိုးရေးတွင် ထူးချွန်စွာအထောက်အကူပြုခဲ့သည့် နိုင်ငံခြားသားကျွမ်းကျင်သူ ၅၀ ဦးအား စက်တင်ဘာ ၃၀ ရက်တွင် ၂၀၂၅ တရုတ်နိုင်ငံအစိုးရ၏ချစ်ကြည်ရေးဆု ဂုဏ်ပြုပေးအပ် ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်ရှီချင် က ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည့် အခမ်းအနား၌ ကျွမ်းကျင်ပညာရှင်များအား ဂုဏ်ပြုသဝဏ်လွှာများ...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပြည်သူတစ်ရပ်လုံးအနေဖြင့် ဆက်လက်၍ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကာ တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်ရာတွင် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် အခိုင်အမာ ဆက်လက်ကြိုးပမ်းသွားရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၃၀ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆...